◼ လေ့လာချက်အသစ်တစ်ခုအရ လွန်ခဲ့တဲ့ ၃၁နှစ်ကာလ ၁၉၉၂ ခုက ဗြိတိန်နိုင်ငံ ဟေဒရီယန်တံတိုင်းအနီး၊ ရောမဗင်ဒိုလန်ဒါခံတပ်ဟောင်းနေရာမှာတူးဖော်ရရှိတဲ့ ပစ္စည်းဟာ အပ်ချုပ်ပစ္စည်းမဟုတ်ပဲ အမျိုးသားလိင်တံတုဖြစ်ကြောင်းသိရှိရပါတယ်။
◼ ဒီပစ္စည်းကို ဖိနပ်တွေနဲ့အဝတ်အစားပစ္စည်းတွေကြားကရှာတွေ့တာမို့ ပညာရှင်တွေက ရှေးလူတွေ အပ်ချုပ်ရာမှာ အခံအဖြစ်စွပ်ပြီးသုံးတဲ့ ပစ္စည်း လို့အစောပိုင်းအခြေအနေအရ ထင်မြင်ချက်ပေးကြပေမယ့် ဒီကနေ့မှာတော့ အမျိုးသားလိင်အင်္ဂါတုဖြစ်ကြောင်းအတည်ပြုလိုက်တာပါ။
"ဒီပစ္စည်းဟာ လိင်ပိုင်းဆိုင်ရာပစ္စည်းဖြစ်ဖို့အင်မတန်များပါတယ်။ တကယ်လို့အဲ့လိုသာဆိုရင် ဒါဟာ သမိုင်းမှာပထမဆုံးရှာတွေ့တဲ့ ရောမခေတ်က လိင်တံအတုပဲ။" လို့ ဒီလေ့လာချက်ကိုပူးတွဲထုတ်ပြန်တဲ့ ဗြိတိန်နိုင်ငံ Newcastle တက္ကသိုလ်က ရှေးဟောင်းသုတေသနဌာန senior lecturerတစ်ယောက်ဖြစ်တဲ့ Rob Collins က CNN ကိုပြောပါတယ်။
"တအားကြီးတော့ အံ့သြမသွားစေချင်ပါဘူး။ ရောမအနုပညာနဲ့စာပေတွေကတဆင့် သူတို့ ကျားလိင်တံတုတွေသုံးတာ၊ အဲ့ဒါကြီးတွေတကယ်ရှိခဲ့တာကိုလေ့လာသိရှိပြီးသားပါ။ဒါပေမယ့် အခုထိတော့ တစ်ခုမှမတူးဖော်မိသေးပါဘူး။"
ပုံစာ - ရှာဖွေတွေ့ရှိထားတဲ့ကျားအင်္ဂါအတု
Ref: BBC
ကိုခွေး ရေးသည်။
0 Comments