Porpular

6/recent/ticker-posts

Hellboy reboot ရုပ်ရှင်သစ်ဟာလည်း R-rated ရုပ်ရှင်ဖြစ်လာမယ်


Hellboy reboot ရုပ်ရှင်သစ်ဟာလည်း R-rated ရုပ်ရှင်ဖြစ်လာမယ်

Hellboy | ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃။

◼ Millienium Media ကုမ္ပဏီဟာ နာမည်ကြီးဇာတ်ကောင်တစ်ခုဖြစ်တဲ့ Hellboy ကို ရုပ်ရှင်သစ်တစ်ကားထုတ်လုပ်ရန်အတွက် ပြင်ဆင်လျက်ရှိနေပြီး အဲဒီ Hellboy ရုပ်ရှင်သစ်ဟာ Ron Pearlman ရဲ့ Hellboy နဲ့ရော၊ David Harbour ရဲ့ Hellboy နဲ့ပါ သက်ဆိုင်မှုမရှိပဲ Hellboy reboot ရုပ်ရှင်သစ်ဖြစ်လာမှာဖြစ်ကြောင်း သိရပါတယ်။

◼ Hellboy reboot ရုပ်ရှင်သစ်ကို Hellboy: The Crooked Man လို့ နာမည်အကြမ်းပေးထားပြီး ၂၀၁၁ ဧပြီလထုတ် သုံးအုပ်တွဲ comic Hellboy: The Crooked Man ကို ကောက်နှုတ်ရိုက်ကူးသွားဖွယ်ရှိကြောင်းသိရပါတယ်။ အဲဒီ Hellboy reboot ရုပ်ရှင်သစ်ကို Marvel ရုပ်ရှင် Ghost Rider: Spirit of Vengeance ရဲ့ ဒါရိုက်တာ Brian Taylor က ရိုက်ကူးပေးသွားမှာပါ။

◼ Hellboy: The Crooked Man ကို R-rated အဆင့်အထိရိုက်ကူးသွားမှာဖြစ်ကြောင်း ဒါရိုက်တာ Bryan Taylor က Collider သတင်းနဲ့ အင်တာဗျူးမှာ အခုလိုအတည်ပြုလာပါတယ်။

"ကျွန်တော်ရိုက်ရမှာက R-rated horror ရုပ်ရှင်ဗျ၊ Millennium အဖွဲ့သားတွေကလည်း ကျွန်တော့်ကိုအကူအညီအကုန်ပေးကြတယ်။ တကယ်ကောင်းတဲ့အဖွဲ့သားတွေနဲ့ အကောင်းစား horror ရုပ်ရှင်ပေါ့။"

◼ Hellboy: The Crooked Man ရဲ့ မူရင်းဇာတ်လမ်းဟာလည်း horror သဘောတရားဖြစ်နေတဲ့အတွက် ရုပ်ရှင်မှာလည်း R-rated horror ဆန်ဆန်ကို လွတ်လပ်စွာဖန်တီးသွားမှာဖြစ်ကြောင်း Bryan Taylor က ထပ်မံအတည်ပြုလာပါသေးတယ်။ 

◼ Ron Pearlman ရဲ့ Hellboy နဲ့ Hellboy: The Golden Army တို့ဟာ အောင်မြင်မှုရခဲ့ပေမယ့်လည်း David Harbour ရဲ့ Hellboy ကတော့ ရုံတင်ငွေအရရော၊ ရုပ်ရှင်အရပါအောင်မြင်မှုမရခဲ့ပါဘူး။

Ref: CBR

McGarrett ရေးသည်။

Post a Comment

0 Comments