ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃။
◼ A24 ကုမ္ပဏီရဲ့ နာမည်ကျော်ရုပ်ရှင် Everything Everywhere All At One ရဲ့ ဇာတ်ပို့သရုပ်ဆောင် Ke Huy Quan ဟာ SAG ဆုပေးပွဲမှာအကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရတဲ့ ပထမဆုံးအာရှသရုပ်ဆောင်ဖြစ်လာပါတယ်။
◼ သူဟာဆုလက်ခံစဉ်မှာလည်းကျေးဇူးတင်စကားပြောရင်း အာရှသရုပ်ဆောင်တွေကိုနေရာပေးလာမှုအတွက်ဝမ်းသာကြောင်းပြောသွားပါသေးတယ်။
"ဒီအခိုက်အတန့်က ကျွန်တော်တစ်ယောက်တည်းနဲ့သက်ဆိုင်တာမဟုတ်ဘူးလို့သဘောပေါက်လိုက်မိပါတယ်။ ဒါဟာ အပြောင်းအလဲကိုလိုလားတဲ့သူတိုင်းရဲ့ အခိုက်အတန့်ပါပဲ။ ဒီလောကကြီးဟာ အရင်ကနဲ့လုံးဝကွာခြားသွားပါပြီ။ ဒါကြောင့်ကျွန်တော် ဒီအခန်းထဲကလူတွေအကုန်လုံးကိုရော ဒီအပြောင်းအလဲကို ပံ့ပိုးပေးသူတိုင်းကိုရော အထူးပဲကျေးဇူးတင်ရှိပါတယ်။"
◼ Ke Huy Quan ဟာ SAG Award မှာ ပထမဆုံးဇာတ်ပို့ဆုရခဲ့တာဖြစ်ပေမယ့်လည်း Ke Huy Quan ရှေ့မှာ SAG ဇာတ်ဆောင်ဆုရဖူးတဲ့ အာရှသားတစ်ယောက်ရှိပါသေးတယ်။ အဲဒီတစ်ယောက်ကတော့ Squid Game ဇာတ်လမ်းတွဲရဲ့ တောင်ကိုရီးယား သရုပ်ဆောင် Lee Jung-Jaeပဲဖြစ်ပါတယ်။ Lee Jung-Jaeဟာ ၂၀၂၂တုန်းက SAG ပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုရခဲ့ပြီး တစ်နှစ်အကြာ ၂၀၂၃မှာတော့ Ke Huy Quan က အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုရခဲ့တာပါ။
Ref: Internet
ကိုခွေး ရေးသည်။
0 Comments