Spider-Man 4 အတွက်ဇာတ်ညွှန်းစတင်ရေးနေပြီဖြစ်ကြောင်း Kevin Feige မှပြောလာ
Marvel | ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။
◼ MCU Marvel ရုပ်ရှင်တစ်ကားဖြစ်တဲ့ သုံးကားမြောက် Spider-Man ရုပ်ရှင် Spider-Man: No Way Home ဟာ ရုံတင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံကျော်ရရှိခဲ့ပြီး ဝင်ငွေအရရော၊ ရုပ်ရှင်အရပါ အောင်မြင်မှုရရှိခဲ့တဲ့နောက်မှာ Marvel Studios နဲ့ Sony ဟာ လေးကားမြောက် Spider-Man ရုပ်ရှင်ကိုပါ ဆက်လက်ထုတ်လုပ်ရန်ပြင်ဆင်နေပါတယ်။
◼ Entertainment Weekly နဲ့အင်တာဗျုးတစ်ခုမှာ MCU အနေနဲ့ Spider-Man 4 အတွက် ဇာတ်ညွှန်းတွေစတင်ရေးနေပြီလို့ Marvel Studios ဥက္ကဌ Kevin Feige က အခုလိုပြောလာပါတယ်။
“ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့မှာ ဇာတ်လမ်းရှိပါတယ်။ အဲဒါအတွက်လည်း အကြံဉာဏ် စိတ်ကူးတွေရှိနေပါတယ်။ ကျွန်တော်တို့ဇာတ်ညွှန်းဆရာတွေ စရေးနေပါပြီ” လိုပြောလာပါတယ်။
◼ Spider-Man 4 ဟာ ယခုမှ ဇာတ်ညွှန်းစရေးတာတာဖြစ်တဲ့အတွက် ရုပ်ရှင်ကိုတော့ ၂၀၂၄ သို့မဟုတ်၂၀၂၅လောက်မှ မြင်တွေ့ရနိုင်ပါတယ်။
◼ ဒါ့အပြင် Kevin Feige ဟာ Marvel ရဲ့ anti-hero တစ်ယောက်ကိုပွဲထုတ်မယ့် သရုပ်ဆောင် Mahershala Ali ရဲ့ Blade ရုပ်ရှင်နဲ့ပတ်သက်ပြီး ရိုက်ကူးရေးစတင်တော့မယ့်အကြောင်းကိုလည်း အခုလိုပြောလာပါတယ်။
“အဆင်ပြေနေပါတယ်။ ဒါရိုက်တာ Yann Demange ကလည်း အခု Atlanta ကို ရောက်နေပြီ။ ရိုက်ကူးရေးကလည်း ဆယ်ပတ်ဝန်းကျင်နေရင်စမယ်။”
◼ နောက်ထပ် MCU ရုပ်ရှင်သစ် Captain America: New World Order ရုပ်ရှင်အကြောင်းကိုလည်း Kevin Feige ရဲ့ အတည်ပြုချက်အရသိရပါတယ်။ သရုပ်ဆောင် Harrison Ford ရဲ့ Thaddius Ross ကို အမေရိကန်သမ္မတအဖြစ် Captain America: New World Order ရုပ်ရှင်မှာ တွေ့ရမှာပါ။
Ref: EW
Harry ရေးသည်။
0 Comments