Porpular

6/recent/ticker-posts

လိပ်နင်ဂျာနဲ့ Teletubbies တွေကိုလည်း ​သွေးသံတရဲရဲနဲ့မြင်ရတော့မှာလား


လိပ်နင်ဂျာနဲ့ Teletubbies တွေကိုလည်း ​သွေးသံတရဲရဲနဲ့မြင်ရတော့မှာလား


ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃။

◼ မကြာသေးခင်က ရုံတင်ခဲ့တဲ့ Winnie the Pooh: Blood and Honeyရုပ်ရှင်ရဲ့ ဒါရိုက်တာ Rhys Frake-Waterfield ဟာ တခြား ကလေးကြိုက် ကာတွန်းဇာတ်ကောင်တွေကိုလည်း slasher ရုပ်ရှင်တွေအဖြစ် ထည့်ရိုက်ဖန်တီးဖို့စဉ်းစားနေကြောင်းပြောခဲ့ဖူးပါတယ်။

◼ Rhys Frake-Waterfield နဲ့ Screenrant တို့ရဲ့ မကြာသေးခင်က စကားဝိုင်းတစ်ခုအရ သူဟာ နာမည်ကြီးကလေးကြိုက်ဇာတ်ကောင်တွေထဲမှာပါဝင်တဲ့ Teletubbies နဲ့ TMNT (Teenage Mutant Ninja Turtles) တွေကိုပါ horror/slasher ရုပ်ရှင်တွေအဖြစ် ရိုက်ချင်​နေကြောင်း သိရပါတယ်။

"Teletubbies နဲ့ TNMT လိုဇာတ်လမ်းတွေကိုလည်း တကယ် ရိုက်ပစ်ချင်နေတာဗျ။ အရမ်းမိုက်မယ်လို့ထင်တယ်။ ဒါပေမယ့် အဲ့ဒါတွေက ပိုင်ရှင်ရှိနေသေးတယ်။ Copyright ရှိနေသေးတယ်ဗျ။ အဲ့တော့ ​အဲ့နှစ်ခုကိုယူရိုက်ဖို့အခက်အခဲရှိတယ်။ ဒါပေမယ့် ကျွန်တော် အဲ့လိုဇာတ်လမ်းမျိူးတွေလိုက်ရှာဦးမှာပါ။ ကျွန်တော့်အနေနဲ့ လိုင်စင်ယူခွင့်ရှိမယ့်ဟာမျိုးပေါ့။ ပြီးရင် ရူးကြောင်ကြောင် ဆန်းဆန်းပြားပြားတွေရိုက်ပြမယ်ဗျာ။ ကျွန်တော့်ကားတွေက Horror ရုပ်ရှင်တကားကိုသွားကြည့်ပြီးစိတ်အပန်းဖြေချင်တဲ့သူတွေအတွက်ပါပဲ။ နက်နက်နဲနဲတွေ၊ အတည်ပေါက်ကြီးတွေမစဉ်းစားစေချင်ဘူး။ကျွန်တော်ကတော့ horror ဆို ကောင်းကောင်း မကောင်းကောင်း ကြိုက်တာပဲ။ ဒါပေမယ့် အဲ့ဒီအတွက်လည်း စျေးကွက်ကြီးရှိနေတာပဲ။ လူတွေအများကြီးက ဒါကိုကြည့်ချင်ကြတယ်။ သူတို့တွေသွားကြည့်ပြီးစိတ်အပန်းဖြေချင်နေကြတယ်ဗျ"

◼ Winnie the Pooh: Blood and Honey ဟာ sequel ထပ်မံထွက်ရှိဦးမှာဖြစ်ပါတယ်။

Ref: ScreenRant

ကိုခွေး ရေးသည်။

Post a Comment

0 Comments