Thalapathy Vijay ရဲ့ Master ရုပ်ရှင်ကို Salman Khan မှ remake ရိုက်ကူးနိုင်ဖွယ်ရှိနေ
Bollywood | ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။
◼ Bollywood ဟာ တောင်ပိုင်းရုပ်ရှင်တွေကို ယနေ့အချိန်အထိ အရှိန်ပြင်းပြင်းနဲ့ remake ပြန်လည်ရိုက်ကူးနေလျက်ရှိပါတယ်။
◼ တမီလ်သရုပ်ဆောင် Thalapathy Vijay နဲ့ Vijay Sethupathi တို့ရဲ့ blockbuster ရုပ်ရှင်တစ်ကားဖြစ်တဲ့ Master ကို Bollywood က remake အဖြစ်ရိုက်ကူးဖို့ ၂၀၂၂ ခုနှစ်ကတည်းက ပြင်ဆင်နေကြောင်း သတင်းသိရပါတယ်။
◼ မူလက Master remake ရဲ့ အဓိကဇာတ်ကောင်နေရာအတွက် Shahid Kapoor သို့မဟုတ် Salman Khan ကို လျာထားကြောင်းသိရပေမယ့် အသစ်ထွက်ပေါ်လာတဲ့ ကောလာဟလများအရ Master remake ကို Salman Khan နဲ့ပဲ ရိုက်ကူးသွားဖွယ်ရှိနေပြီး Salman Khan နဲ့ ညှိနှိုင်းစကားပြောနေကြောင်းသိရပါတယ်။
◼ သို့ပေမယ့် Salman Khan ဘက်ကတော့ တရားဝင်ထုတ်ပြန်အတည်ပြုခြင်းမရှိသေးပါဘူး။
◼ Master ရုပ်ရှင်ဟာ တမီလ်လူငယ်ပြုပြင်ရေးကျောင်းကိုရောက်ရှိလာတဲ့ကျောင်းဆရာနဲ့ နယ်ခံလူမိုက်ဂိုဏ်းတို့ရဲ့အားပြိုင်မှုကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး တောင်ပိုင်းပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိထားပါတယ်။
Ref: Internet
0 Comments