The Last of Us ရိုက်ကွင်းမှာ zombie လို့ ခေါ်ခွင့်မပေးထားခဲ့ပါ
The Last of Us | ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။
◼ The Last Of Us ဟာ ဂိမ်းမှာရော TV Show မှာပါ Zombie လို့တစ်ခွန်းမှသုံးမသွားခဲ့တာ သတိထားမိကြမှာပါ။ ကူးစက်ခံရတဲ့သူတွေကို Infected တွေလို့ သုံးနှုန်းကြပြီး zombie လို့တစ်ခွန်းမှခေါ်မသွားခဲ့ပါဘူး။
◼ The Last of us ရဲ့ အပိုင်း ၃ နဲ့ ၄ မှာပါဝင်အလုပ်လုပ်ဖူးတဲ့ cinematographer Eben Bolter ရဲ့ပြောပုံအရ The Last of Us ရိုက်ကွင်းမှာ ရိုက်ကူးရေးဝန်ထမ်းတွေကို Zombie လို့ ပြောဆိုခွင့်မပေးဘူးလို့ သိရပါတယ်။
"ရိုက်ကွင်းမှာ ကျွန်တော်တို့ကို Z word ပြောခွင့်မပြုကြဘူးဗျ။ အဲ့စကားလုံးက Ban ထားတယ်တဲ့။ ရှိုးထဲမှာပါတာတွေက ကူးစက်ခံ Infected တွေသပ်သပ်ပဲ။ ဒီShowက Zombie Show မဟုတ်ဘူး။
စိတ်ပင်ပန်းစရာတွေ၊ ထိတ်လန့်စရာ Jump Scares တွေပါတာတော့အမှန်ပါပဲ။ ဒါပေမဲ့ ဒီShow က ကာရိုက်တာတွေကိုအသားပေးထားတာပါ။ Infected တွေကတော့ သူတို့ရင်ဆိုင်ရမယ့်အတားအဆီးတွေပေါ့လေ"
◼ The Last of Us ဟာ Zombie ဆိုတဲ့စကားလုံးကိုမသုံးတဲ့ပထမဆုံး Zombie Apocalyptic Show တော့မဟုတ်ပါဘူး။ The Walking dead ဟာလည်း Zombie ဆိုတဲ့စကားလုံးကိုမသုံးပဲ Season ၁၁ ခုစာ ရိုက်ပြသွားပါတယ်။ The Last of us က Runners, Stalkers, Clickers, Shamblers, Bloaters ဆိုတဲ့ အခေါ်အဝေါ်တွေလိုမျိုး The Walking Dead မှာလည်း walkers, biters, geeks ဆိုတဲ့စကားလုံးတွေကိုသုံးခဲ့တာပါ။
Ref: Insider Entertainment
ကိုခွေး ရေးသည်။
0 Comments