ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။
◼ The Little Mermaid Live action မှာ လူမှုရေးခွဲခြားမှုတွေအတွက် တုန်လှုပ်စရာမရှိခဲ့သလို ထူးဆန်းမှုမရှိကြောင်း သရုပ်ဆောင် Halle Bailey ဘက်က ပြောလာပါတယ်။
◼ Disney ရဲ့နာမည်ကျော် The Little Mermaid animation ကို Live action အဖြစ်ပြန်လည်အသက်သွင်းရာမှာ ရေသူမလေး Ariel နေရာအတွက် အဆိုတော်သရုပ်ဆောင် Halle Bailey ကို ရွေးချယ်လိုက်တဲ့အတွက် လူမျိုးရေးခွဲခြားမှုတွေအပါအဝင် တခြားသောဝေဖန်မှုများစွာဖြစ်ပေါ်နေပါတယ်။
◼ Teaser Trailer နှစ်ခုထွက်ရှိပြီးတဲ့နောက်မှာ Halle Bailey ဟာ အွန်လိုင်းပေါ်မှာ လူမျိုးရေးခွဲခြားမှုတွေကြုံတွေ့ခဲ့ရပေမယ့်လည်း Halle Bailey အဲဒီလို လူမျိုးရေးခွဲခြားခံရတာတွေအတွက် တုန်လှုပ်ဖို့မလိုကြောင်း The Face နဲ့ အင်တာဗျူးမှာပြောကြားလာပါတယ်
“လူမည်းတစ်ယောက်အနေနဲ့ ဒါမျိုးတွေဖြစ်လာမယ်ဆိုတာ မျှော်လင့်ပြီးသားပါ။ ဒါက ထိတ်လန့်စရာတော့မဟုတ်ပါဘူး။ လူတွေက ဒါဟာလူမျိုးရေးနဲ့မဆိုင်ဘူးဆိုတာ သိကြပါတယ်။ ဒါပေမယ့် အခု ကျွန်မက ရေသူမဖြစ်နေပါပြီ။ လူမည်းတွေအတွက် အခြားအသိုင်းဝိုင်းတွေရှိသေးတယ်ဆိုတာကို လူတွေကနားမလည်ကြပါဘူး။ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတာကသာ အရေးကြီးတာပါ။ ” လို့ပြောလာပါတယ်။
◼ တစ်ဖန် Halle Bailey ကို Ariel အဖြစ် မြင်တွေ့ရတဲ့အတွက် ပရိသတ်တွေက ဝေဖန်ကြပေမယ့်လည်း ဒါရိုက်တာ Rob Marshall က Halle Bailey ကို ရွေးချယ်လိုက်တာဟာ ပြဿနာကြီးသွားမယ်လို့ ဒါရိုက်တာ Rob Marshall က မထင်ခဲ့ပါဘူး။
◼ The Little Mermaid မှာ Ariel အဖြစ် အဆိုတော်နဲ့သရုပ်ဆောင် Halle Bailey က ပါဝင်သရုပ်ဆောင်ထားသလို Prince Eric အဖြစ် Jonah Hauer-King နဲ့ Ursula the Sea Witch အဖြစ် Melissa McCarthy တို့က ပါဝင်ထားပါတယ်။
◼ The Little Mermaid live action remake ကိုတော့ မေ ၂၆၊ ၂၀၂၃ မှာရုံတင်ပြသသွားမှာပါ။
Ref: ComicBook
Harry ရေးသည်။
0 Comments