The Little Mermaid ရဲ့ TV Spot အသစ်မှာ ဇာတ်ကောင်နှစ်ယောက်ကိုထပ်မံမိတ်ဆက်လာ
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃
◼ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ Disney ရဲ့ Live-action Remake ရုပ်ရှင် The Little Mermaid ရဲ့ စက္ကန့်သုံးဆယ်စာ TV Spot ဗွီဒီယိုတစ်ပုဒ် ထွက်ရှိလာပါတယ်။
◼ အဲဒီ TV Spot မှာ The Little Mermaid ရဲ့ အဓိကဇာတ်ကောင် Ariel အပြင် Prince Eric နဲ့ Ursula the Sea Witch တို့ကိုပါ ပြသမိတ်ဆက်လာတာပါ။
◼ The Little Mermaid မှာ Ariel အဖြစ် အဆိုတော်နဲ့သရုပ်ဆောင် Halle Bailey က ပါဝင်သရုပ်ဆောင်ထားသလို Prince Eric အဖြစ် Jonah Hauer-King နဲ့ Ursula the Sea Witch အဖြစ် Melissa McCarthy တို့က ပါဝင်ထားပါတယ်။
◼ The Little Mermaid live-action က Ariel နေရာကို သရုပ်ဆောင်ရွေးချယ်မှုနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ အငြင်းပွားစရာတွေဖြစ်ပေါ်ခဲ့သလို Twitter လူမှုကွန်ယက်မှာ The Little Mermaid နဲ့ ပတ်သက်ပြီး #NotMyAriel ဆိုတဲ့ ကမ်ပိမ်းတစ်ခု ပေါ်ပေါက်ခဲ့ပါသေးတယ်။
◼ The Little Mermaid live-action remake ကို ဒါရိုက်တာ Rob Marshall က ရိုက်ကူးပေးထားတာဖြစ်ပြီး မေ ၂၆၊ ၂၀၂၃ မှာ ရုံတင်ပြသမှာပါ။
ပုံစာ - The Little Mermaid Live-action Remake ရဲ့ TV Spot မှ ဓာတ်ပုံများ
Ref: Disney
McGarrett ရေးသည်။
0 Comments