Porpular

6/recent/ticker-posts

Will Smith ရဲ့ I Am Legend ရုပ်ရှင်ကို sequel ထပ်မံထုတ်လုပ်သွားမယ်

Will Smith ရဲ့ I Am Legend ရုပ်ရှင်ကို sequel ထပ်မံထုတ်လုပ်သွားမယ်

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃။
◼ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Weed Road ဟာ TV ပရောဂျက်တွေအတွက် MGM နဲ့ စာချုပ်ချုပ်ထားသလို ရုပ်ရှင်ပရောဂျက်တွေအတွက် Warner Bros. နဲ့ နှစ်ရှည်စာချုပ်ချုပ်ထားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
◼ Weed Road နဲ့ Warner Bros. တို့ရဲ့ လက်တွဲလာမှုဟာ တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Constantine ရုပ်ရှင်နဲ့ I Am Legend ရုပ်ရှင်တွေကို sequel တွေ ကိုယ်စီထုတ်လုပ်ပေးဖို့ ပိုမိုခိုင်မာလာပြီဖြစ်ပါတယ်။
◼ ၂၀၀၇ ခုနှစ်ကထွက်ရှိထားတဲ့ သရုပ်ဆောင် Will Smith ရဲ့ I Am Legend ရုပ်ရှင်ဟာ ပထမကားအပြီး ၁၆နှစ်အကြာဖြစ်တဲ့ ယခုချိန်မှာ sequel ရိုက်ကူးထုတ်လုပ်သွားတော့မှာဖြစ်ကြောင်းသိရပါတယ်။
◼ ဒါ့အပြင် I Am Legend sequel ရုပ်ရှင်မှာ Creed သရုပ်ဆောင် Michael B. Jordan လည်း ပါဝင်လာမှာဖြစ်ပြီး I Am Legend sequel ရုပ်ရှင်ဟာ လက်ရှိနာမည်ကြီးနေတဲ့ HBO ဇာတ်လမ်းတွဲ The Last Of Us ကို inspire ယူသွားမယ်လို့လည်းသိရပါတယ်။
◼ ရုံတင်ငွေကန်ဒေါ်လာသန်းငါးရာကျော်ရရှိခဲ့တဲ့ I am legend ရှပ်ရှင်ဟာ Sci-fi/Horror အမျိုးအစားဖြစ်ပြီး zombie survival ပုံစံရိုက်ကူးထားတာပါ။
◼ I Am Legend sequel ရုပ်ရှင်နဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့မသိရသေးပါဘူး။
Ref: Deadline
Harry ရေးသည်။





Post a Comment

0 Comments