Porpular

6/recent/ticker-posts

Winnie the Pooh: Blood and Honey ကြောင့် အသက်အန္တရာယ်အထိပါခြိမ်းခြောက်ခံခဲ့ရတဲ့ ဒါရိုက်တာ Rhys Frake-Waterfield

Winnie the Pooh: Blood and Honey ကြောင့် အသက်အန္တရာယ်အထိပါခြိမ်းခြောက်ခံခဲ့ရတဲ့ ဒါရိုက်တာ Rhys Frake-Waterfield

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။
◼ နှစ်ပေါင်းများစွာ Disney လက်အောက်မှာရှိနေတဲ့ A. A. Milne ရဲ့ Winnie the Pooh ဇာတ်ကောင်တွေကို အများပိုင်အ​ဖြစ်လုပ်လိုက်တဲ့အခါ Winnie the Pooh: Blood and Honey ဆိုတဲ့ မတူညီတဲ့ theme တစ်ခုနဲ့ သွေးသံရဲရဲ slasher ရုပ်ရှင်တစ်ကားထွက်လာပါတယ်။
◼ တစ်ချိန်က ချစ်စရာဇာတ်ကောင်လေးတွေအဖြစ် ပရိသတ်တွေမြင်ခဲ့ရတဲ့ Winnie နဲ့ Piglet တို့လို ဇာတ်ကောင်တွေကို ဒါရိုက်တာ Rhys Frake-Waterfield က slasher ရုပ်ရှင်အဖြစ်ဖန်တီးလိုက်တဲ့အခါမှာ ကြိုက်နှစ်သက်တဲ့သူတွေရှိကြသလို ပြစ်တင်ဝေဖန်ကြတဲ့သူတွေလည်းရှိပါတယ်။
◼ Winnie the Pooh: Blood and Honey ဟာ ရေပန်းစားလာတဲ့အခါမှာ ဒါရိုက်တာ Rhys Frake-Waterfield အနေနဲ့ ခြိမ်းခြောက်မှုတွေကိုရင်ဆိုင်လာရကြောင်းကို AFP သတင်းနဲ့အင်တာဗျူးမှာ အခုလိုပြောလာပါတယ်။
"ဒီကားကိုမထုတ်ဖို့ Petition နဲ့ တောင်းဆိုတာတွေရှိတယ်။ အသက်အန္တရာယ်ခြိမ်းခြောက်တာတွေရှိတယ်။ ရဲနဲ့ပါအတိုင်ခံရသေးတာဗျ။ "
◼ Winnie the Pooh: Blood and Honey ဟာ Winnie the Pooh တို့ရဲ့ သူငယ်ချင်း Christopher Robin ဟာ Winnie the Pooh တို့ကိုထားခဲ့ပြီး ကောလိပ်ကျောင်းကိုတက်ခဲ့တဲ့အတွက် Winnie the Pooh နဲ့ Piglet တို့ဟာ အရိုင်းစိတ်ဝင်သွားပြီး ၎င်းတို့တောထဲကိုဝင်လာသမျှလူသားတိုင်းကို သတ်ဖြတ်ပစ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာပါ။
◼ ဘတ်ဂျက်ငွေ ကန်ဒေါ်လာတစ်သိန်းအသုံးပြုထားတဲ့ Winnie the Pooh: Blood and Honey ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အမေရိကန်မှာစတင်ရုံတင်နေပြီဖြစ်ပါတယ်။
Ref: Slash Film
McGarrett ရေးသည်။



Post a Comment

0 Comments