The Mummy ရိုက်ကူးရေးမှာ Brendan Fraser သေမလိုဖြစ်ခဲ့ရ
မတ် ၁၊ ၂၀၂၃။
◼ Brendan Fraser ရဲ့ The Mummy သုံးကားတွဲဟာ ယနေ့ခေတ်အထိလူကြိုက်များနေတဲ့ရုပ်ရှင်သုံးကားတွဲတစ်ခုဖြစ်ပါတယ်။
◼ Brendan Fraser ဟာ ပထမဆုံး The Mummy ရုပ်ရှင်အတွက် ရိုက်ကူးရေးပြုလုပ်နေစဥ်မှာ စတန့်အက်ရှင်ပြကွက်တစ်ခုကြောင့် သေမလိုဖြစ်ခဲ့ရကြောင်း သိရပါတယ်။ O'Connell ဇာတ်ကောင်ကို ကြိုးပေးတဲ့ဇာတ်ဝင်ခန်းမှာ ကြိုးကွင်းရဲ့ညှစ်အားကြောင့် တကယ်အသက်ရှုကြပ်ပြီးသေမလိုဖြစ်ခဲ့ရကြောင်း Brendan Fraser ရဲ့ ပြောပြချက်အရ သိရပါတယ်။
◼ The Mummy ရိုက်ကူးရေးကြောင့် သေမလိုဖြစ်ခဲ့ရပုံကို Bredan Fraser က The Kelly Clarkson Show မှာ အခုလိုပြောပြလာပါတယ်။
"ကြိုးပေးတဲ့အခန်းမှာ မတော်တဆဖြစ်ပြီး တကယ်လည်ပင်းအစ်ခဲ့ဖူးတယ်။ ကျွန်တော်က ကြိုးကွင်းလည်ပင်းမှာတန်းလန်းနဲ့ ခြေဖျားထောက်ပြီးရပ်နေတာဆိုတော့ ဒါရိုက်တာ (Stephen Sommer) က ပြောတာပေါ့။ 'မင်းဟာက လည်ပင်းအစ်နေတာနဲ့မတူဘူး၊ ထပ်လုပ်လို့ရလား' တဲ့။ ကျွန်တော်လည်း 'ဟုတ်ပြီဗျာ' ပေါ့။ စိထ်ထဲတော့ တစ်ခါပဲပေါ့။
ကင်မရာက ပတ်ပြီးရိုက်နေတာ။ ကျွန်တော်ကခြေဖျားထောက်ထားတာပေါ့။ ကြိုးကိုင်ထားတဲ့လူက နည်းနည်းလေးကြိုးကိုမြင့်မြင့်ဆွဲတော့ ကျွန်တော့်ခြေဖျားကလွတ်သွားတယ်။ ကျွန်တော်ကအောက်ကိုပဲတွဲကျနေတာ၊ သူကအပေါ်ဆွဲလိုက်၊ ကျွန်တော်ကအောက်ကျလိုက်ပေါ့။ နောက်ဆုံးကျွန်တော်သိလိုက်တာက ကျွန်တော့်မျက်ခုံးက နားရွက်တက်ချိတ်နေပြီ၊ အားလုံးကဇောက်ထိုးတွေဖြစ်နေပြီ၊ သွားတွေကလည်းခိုင်နေပြီ၊ နောက်တော့ အားလုံးတိတ်ဆိတ်သွားတာပဲ။
ကျွန်တော့်ရဲ့ stunt coordinator ကတော့ ပြောတယ်။ 'ဝမ်းသာပါတယ်ကွာ၊ မင်းနဲ့ Mel Gibson နဲ့ တစ်ဂိုဏ်းတည်းဖြစ်သွားပြီ၊ သူလည်း Braveheart မှာ အဲလိုဖြစ်သွားတာ' တဲ့ဗျာ။ ကျွန်တော်လည်းပြောလိုက်ပါတယ် 'ကျေးဇူးပါ' တဲ့။"
◼ The Mummy သုံးကားတွဲဟာ The Mummy, The Mummy Returns နဲ့ The Mummy: Tomb of the Dragon Emperor ဆိုပြီး သုံးကားထွက်ရှိထားပြီး Brendan Fraser ကတော့ ဇာတ်ညွှန်းသာကောင်းမွန်မယ်ဆိုရင် လေးကားမြောက် The Mummy ကို ရိုက်ကူးချင်ကြောင်း ပြောပြထားဖူးပါတယ်။
Ref: ComicBook
McGarrett ရေးသည်။
0 Comments