American Psycho ရဲ့ ပြကွက်တချို့ဟာ Tom Cruise ကို မှီငြမ်းကိုးကားထားခဲ့တယ်
မတ် ၁၃၊ ၂၀၂၃။
◼ ၂၀၀၀ ခုနှစ်ကထွက်ခဲ့တဲ့ မင်းသား Christian Bale ရဲ့ psycho-thriller နဲ့ slasher ရုပ်ရှင် American Psycho ဟာ ဒီကနေ့အထိ ပရိသတ်တွေကြားမှာ ရေပန်းစားနေလျက်ရှိပါတယ်။
◼ ဒီလိုနာမည်ကြီးတဲ့ရုပ်ရှင်ဟာ မူရင်းဝတ္ထုအပြင် horror ဖြစ်စဥ်တွေ၊ ကွင်းဆက်လူသတ်သမားတွေကို ကိုးကားဖန်တီးထားတာမဟုတ်ပဲ hollywood ရဲ့ နာမည်ကျော်မင်းသားတစ်လက်ကို ကိုးကားထားတယ်ဆိုတာကတော့ အံ့သြစရာပါပဲ။
◼ American Psycho ဟာ မင်းသား Tom Cruise ရဲ့ အင်တာဗျူးတစ်ခုကိုလည်း မှီငြမ်းကိုးကားထားကြောင်းသိရပါတယ်။ ဒါရိုက်တာ Mary Harron ဟာ American Psycho ကို မင်းသား Tom Cruise နဲ့ David Letterman တို့ရဲ့ အင်တာဗျူးတစ်ခုမှာဖြစ်ပေါ်လာတဲ့ မျက်နှာအမူအယာတစ်ချို့ကို Patrick Bateman ဇာတ်ကောင်ကိုဖန်တီးရာမှာ ပြန်လည်ကိုးကားဖန်တီးထားကြောင်း CBR သတင်းနဲ့အင်တာဗျူးမှာ ပြောပြလာခဲ့တာပါ။
◼ Patrick Bateman ရဲ့ အပြုံးပုံစံတွေ၊ စပ်ဖြဲဖြဲပုံစံနဲ့ ခပ်တည်တည်မျက်နှာပေးပုံစံတွေဟာ Tom Cruise ရဲ့ မျက်နှာပေးပုံစံတချို့နဲ့ဆင်တူနေတယ်ဆိုပြီး အင်တာနက်မှာလည်း ပရိသတ်တွေက ရှာဖွေပြထားတာတွေရှိပါသေးတယ်။
Ref: CBR
Sub-Zero ရေးသည်။
0 Comments