Season တစ်ခုထက်ပိုထုတ်ဦးမယ့် The Last of Us ဇာတ်လမ်းတွဲ
TLOU | မတ် ၁၄၊ ၂၀၂၃။
◼ HBO ရဲ့ game live-action ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The Last of Us ဟာ Season 1 ကိုးပိုင်းစလုံးပြသပြီးစီးခဲ့ပြီဖြစ်သလို အပိုင်းတစ်ပိုင်းစီဟာလည်း ပရိသတ်တွေရဲ့တခဲနက်အားပေးမှုတွေကိုများစွာရရှိခဲ့ပါတယ်။
◼ ၂၀၂၃ ဇန်နဝါရီမှာ HBO ဟာ The Last of Us ကို Season 2 ထုတ်ပေးဖို့ တရားဝင်အတည်ပြုခဲ့သလို ယခုအခါမှာတော့ The Last of Us ရဲ့ ဖန်တီးသူတွေဟာ The Last of Us: Part II ဂိမ်း အပေါ်ကိုမူတည်ပြီး Season တစ်ခုထက်ပိုပြီး ဆက်လက်ထုတ်လုပ်ဖို့ပြင်ဆင်နေကြောင်း အတည်ပြုလာပါတယ်။
◼ The Last of Us: Part II ဟာ ဇာတ်ကောင်များစွာ၊ ပြကွက်များစွာနဲ့ အက်ရှင်များစွာပိုမိုပါဝင်နေပြီး The Last of Us ဇာတ်လမ်းတွဲရဲ့ ဖန်တီးသူတွေဖြစ်ကြတဲ့ Craig Mazin နဲ့ Neil Druckmann တို့ဟာ The Last of Us: Part II ကို Series အဖြစ် ဖန်တီးရာမှာ Season တစ်ခုထက်ပိုခွဲပြီးပြသမှာဖြစ်ကြောင်း GQ မဂ္ဂဇင်းနဲ့အင်တာဗျူးမှာ အတည်ပြုလာခဲ့တာပါ။
◼ Season တစ်ခုထက်ပိုပြီးဖန်တီးမှာဖြစ်တာကတော့ အသေအချာဖြစ်ပြီး Season ဘယ်နခုအထိဖန်တီးမလဲဆိုတာကတော့မသိရသေးပါဘူး။
Ref: Variety
McGarrett ရေးသည်။
0 Comments