Porpular

6/recent/ticker-posts

Call Of Duty Mobile ဖျက်သိမ်းမှာမဟုတ်ကြောင်း ကြေငြာ

Call Of Duty Mobile ဖျက်သိမ်းမှာမဟုတ်ကြောင်း ကြေငြာ

မတ် ၁၄၊ ၂၀၂၃

⬛ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ Microsoft နဲ့ Activision ကုမ္ပဏီ ပူးပေါင်းမှုကြောင့် Call of Duty Mobile ဖျက်သိမ်းခံရမယ်ဆိုတဲ့သတင်းတွေထွက်လာတာကို သိပြီးကြမှာပါ။ 

⬛ ပြီးခဲ့တဲ့နေ့ မတ်လ ၁၃ရက် ညသန်းခေါင်မှာ Call of Duty mobile Official Facebook pageကနေ ကြေငြာချက်တစ်ခုထုတ်ပြန်လာပါတယ်။အဆိုပါကြေငြာချက်မှာ Call of duty Mobile ဟာ Call Of duty Franchise ကြီးတစ်ခုလုံးရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Mobile ပလက်ဖောင်းမှာ ချဲ့ထွင်ဖို့ မဟာဗျူဟာအတွက်လည်း အရေး​ကြီးကြောင်း၊ Codm ကို ဖျက်သိမ်းမှာမဟုတ်ပဲ အကြာကြီး Content အသစ်တွေ Update အသစ်တွေအများကြီးထပ်ပေးဦးမှာဖြစ်ကြောင်း ပါဝင်ပါတယ်။ အပြည့်အစုံကိုအောက်မှာဖတ်ပါ။

⬛ "Call of Duty Franchise ကြီးတစ်ခုလုံးအတွက်ရော ၊ ကျွန်တော်တို့ရဲ့ Mobile Gaming မဟာဗျူဟာအတွက်ရော call of duty Mobile ဟာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံးပရိတ်သတ်တွေရှိနေပြီး ကျွန်တော်တို့ဘက်ကလည်း အသစ်အသစ်သော Contentတွေ လှုပ်ရှားမှုနဲ့ Update အသစ်တွေ အများကြီးပေးပြီး တောင့်တင်းခိုင်မာတဲ့ ဗျူဟာလမ်းကြောင်းတစ်ခုကိုချမှတ်ကာ CODM ကို ရှေ့ဆက်အချိန်အကြာကြီး Support လုပ်ပေးသွားမှာပါ။"

ကိုခွေးရေးသည်။

Post a Comment

0 Comments