Black Adam ရုပ်ရှင်မှာ Shazam မပါဖို့ ပိတ်ပင်ခဲ့တယ်ဆိုတဲ့ Dwayne Johnson
DC | မတ် ၂၃၊ ၂၀၂၃
◼ DCEU ရဲ့ Shazam သရုပ်ဆောင် Zachary Levi က Black Adam ရုပ်ရှင်ရဲ့ post credit scene မှာ သူ့အနေနဲ့ ပါဝင်ဖို့ရှိခဲ့ပေမယ့် Black Adam သရုပ်ဆောင် Dwayne Johnson က သူ မပါဝင်နိုင်အောင် ပိတ်ပင်ခဲ့တာလို့ စွပ်စွဲလိုက်ပါတယ်။
◼ ၂၀၂၂ နှစ်ကုန်ပိုင်းကမှ ထွက်ရှိထားတဲ့ Black Adam ရုပ်ရှင်ရဲ့ credit scene မှာ Henry Cavill ရဲ့ Superman နဲ့ Black Adam တို့ တွေ့ဆုံခဲ့တယ်ဆိုတာကို ရုပ်ရှင်ပရိသတ်တွေ မှတ်မိကြဦးမှာပါ။
◼ ဒါပေမယ့် The Wrap သတင်းဌာနရဲ့ အတည်ပြုချက်အရ Back Adam ရုပ်ရှင်ရဲ့ Credit Scene မှာ Superman အစား Shazam ပါဝင်ဖို့ ရှိခဲ့တာလို့သိရပြီး Justice Society of America က Shazam ကို အဖွဲ့ဝင် အသစ်အဖြစ် လာရောက် ခေါ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
◼ အကယ်၍သာ ဒီ credit scene သာ အတည်ဖြစ်သွားခဲ့ရင် ယခု လက်ရှိ ရုံတင်နေတဲ့ Shazam: Fury of the Gods ရုပ်ရှင်နဲ့ အချိတ်အဆက်မိသွားမှာလည်း ဖြစ်ပါတယ်။
◼ ဒါပေမယ့်လည်း Dwayne Johnson က Shazam အစား Superman ပါဝင်ဖို့ကိုသာ ကြိုးစားခဲ့တာကြောင့် အခြေအနေတွေ ပြောင်းလဲသွားတာဖြစ်ပြီး Dwayne အနေနဲ့ Black Adam နဲ့ Cavill ရဲ့ Superman တို့ကိုသာ အလယ်ဗဟိုထားမယ့် DCU ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ Shazam သရုပ်ဆောင် Zachary Levi က သူ့ရဲ့ Instagram Account မှာ တင်ပြီး စွပ်စွဲခဲ့ပါတယ်။
◼ Dwayne Johnson ဘက်ကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာဖြေရှင်းခြင်းမရှိသေးပါဘူး။
◼ Dwayne Johnson ဟာ James Gunn နဲ့ Peter Safren တို့ရဲ့ DC Studios မတိုင်ခင်မှာ အထိန်းအကွပ်မဲ့နေတဲ့ DCEU ကို ချုပ်ကိုင်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး Superman နဲ့ Black Adam တို့နဲ့ DC Universe သစ်ကို တည်ဆောက်ဖို့အတွက် ပြင်ဆင်ခဲ့တယ်လို့လည်း သတင်းများထွက်နေပါသေးတယ်။
◼ Black Adam ရော၊ Shazam! Fury of the Gods ဟာ ဝင်ငွေအရ ရလဒ်ဆိုးများရရှိနေပါတယ်။
Ref: IGN
Nova ရေးသည်။
0 Comments