Clayface ပါလာတော့မယ် The Batman Part 2
မတ် ၃၀၊ ၂၀၂၃။
◼ Deadline သတင်းဌာနရဲ့ဆောင်းပါးတစ်ပုဒ်အရ DC ရုပ်ရှင် The Batman: Part 2 မှာ နာမည်ကြီး DC ဗီလိန်ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Clayface ပါဝင်လာမှာဖြစ်ပြီး Clayface အဖြစ် Mike Flanagan ကနေ သရုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ ဒီအကြောင်းအရာဟာ Mike Flanagan နဲ့ DC Studios က James Gunn နဲ့ Peter Safren တို့နဲ့ ဆွေးနွေးမှုကနေ ထွက်လာတာဖြစ်ပြီး Warner Bros. ဘက်ကတော့ လက်ခံခြင်း ငြင်းဆိုခြင်းမပြုလုပ်သေးပါဘူး။
◼ Mike Flanagan ဟာ Doctor Sleep အပြင် နာမည်ကြီး Netflix စီးရီးတွေဖြစ်တဲ့ The Haunting of Hill House, The Haunting of Bly Manor, Midnight Mass နဲ့ The Midnight Club တို့ရဲ့ ဒါရိုက်တာလည်းဖြစ်ပါတယ်။
◼ ဒါသာ တကယ်ဆိုရင်တော့ Batman fan တွေအတွက် ဝမ်းသာစရာပါပဲ။ ဘာလို့လည်းဆိုတော့ Clayface လို Villain က Gotham series ထဲမှာမြင်ဖူးပေမယ့် Quality ကောင်းကောင်းနဲ့ တကယ့် Sandman လိုပုံစံမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့တာပါ။
◼ အခု ထပ်လာမယ့် The Batman ပုံစံကလည်း Villain နှစ်ကောင်သို့မဟုတ် သုံးကောင်ကို ကောင်းကောင်းကြီးပုံဖော်ဦးမယ်ဆိုတာတော့ အာမခံလို့ရနိုင်ပါတယ်။
◼ ဘာလို့လည်းဆိုရင် ဒီ Batman ရဲ့ Style က The Long Hallowen တို့လိုမျိုး Part တွေနဲ့ သွားပြီး Villain တွေကို နောက်ဆုံး ဆရာကြီးတစ်ယောက်ကပဲ ကြိုးကိုင်ထားတယ်ဆိုတာကို Batman က အဖြေရှာရင်း detective ဆန်ဆန် ရင်ဆိုင်ရမှာတွေ ပါလာဦးမှာပါ။
◼ တွေးကြည့်တာနဲ့တင် တော်တော်မိုက်နေပြီဖြစ်တဲ့ The Batman မှာ တခြား ထည့်မသုံးတာကြာတဲ့ Villain တွေကို ထည့်သုံးမယ်လို့ မျှောင်လင့်ရင်း ဤစာကိုရေးလိုက်ရပါသည်။
◼ The Batman Part 2 ကို အောက်တိုဘာ ၃၊ ၂၀၂၅ မှာ ရုံတင်ပြသမှာပါ။
John Snow ရေးသားသည်။
0 Comments