Christopher Nolan ပြောပြတဲ့ The Dark Knight Rises အကြောင်း
မတ် ၂၉၊ ၂၀၂၃။
◼ Christopher Nolan ကိုတော့ the best modern filmmaker လို့ အားလုံးသိကြမှာပါ။ သူရိုက်တဲ့ ကားတွေအများစုက ရှုပ်ထွေးပေမယ့်လည်း တော်တော်လေးကြည့်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတာကတော့ အမှန်ပါပဲ။
◼ CGI မသုံးဘူး၊ Cast တွေလည်း မိုက်တယ်၊ တကယ့် အစစ်တွေ သုံးတယ်၊ ဖောက်ခွဲတယ်၊ ဖျက်စီးပြတယ်၊ ရုပ်ရှင်ဖန်တီးတဲ့ နေရာမှ တကယ် အောချလောက်အောင် တော်တဲ့သူပါ။
◼ ဒါပေမယ့် The Dark Knight Rises နဲ့ ပတ်သက်ပြီး Audiance ကို ဖန်တရာလည်နေတဲ့ hero Logic တွေလိုမဟုတ်ပဲ ကွဲပြားတဲ့ အဆုံးသတ်မျိုးဖြစ်အောင် ဖန်တီးချင်ခဲ့ပါတယ်။
◼ အဲဒါကြောင့် Christopher Nolan က The Dark Knight Rises ကို သာမာန် Hero Movies တွေနဲ့ မတူအောင် Rocky 3 နဲ့ inspired ယူပြီး ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
◼ Rocky 3 က တကယ်တော့ ဇာတ်လမ်းရိုးရှင်းပေမယ့် Rocky ရဲ့ Emotion အတက်အကျကို ကောင်းကောင်းကြီး ကစားပြထားတာလို့ Nolan က ပြောပါတယ်။
“Trilogy တော်ာတော်များများက ဒုတိယ ဇာတ်လမ်းအထိ Audience ကိုဆွဲဆောင်ထားနိုင်ပေမယ့် တတိယ ဇာတ်လမ်းဆိုရင်တော့ Audience ကို ဆွဲဆောင်ဖို့က အရမ်းခက်ကြတယ်။ ဒါပေမယ့် တတိယဇာတ်လမ်းမှာ တစ်ခုခုလုပ်ပြနိုင်ရင်တော့ မတူတဲ့ ဇာတ်လမ်းတစ်ပုဒ်ရမယ်” လို့ Nolan က ပြောထားပါသေးတယ်။
◼ Nolan inspired ယူတာမှန်တယ်ပဲပြောရမလား၊ ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ The Dark Knight Rise က အပြုသဘောဆောင်တဲ့ ဝေဖန်မှုခံခဲ့ရတဲ့အပြင် Worldwide မှာတင် ကန်ဒေါ်လာ ၁ ဘီလီယံ Box Office နဲ့ ပွဲလည်တင့်ခဲ့ပါတယ်။
◼ ဒါ့အပြင် Superhero ရုပ်ရှင်တွေ မှေးမှိန်နေချိန်မှာ Batman Trilogy ထဲက တစ်ကားဖြစ်တဲ့ The Dark Knight မှ Joker အဖြစ်သရုပ်ဆောင်တဲ့ Heath Ledger ကပါ Oscar ဆုကို သိမ်းပိုက်ခဲ့ပါသေးတယ်။ ဒါဟာ Superhero ရုပ်ရှင်တွေအတွက် လမ်းစတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။
◼ The Dark Knight သုံးကားတွဲဟာ ရုပ်ရှင်အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းရွေးချယ်မှုမဟုတ်ပေမယ့်လည်း Batman ရုပ်ရှင်တွေထဲမှာ အကောင်းဆုံး Trilogy လို့ သတ်မှတ်ထားလို့ရတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။
◼ Nolan ကလည်း The Dark Knight ကို သုံးကားနဲ့တင် အဆုံးသတ်ခဲ့ပါတယ်။ နောက်ထပ် ထပ်ရိုက်ဖို့တော့ရှိမှာမဟုတ်ပါဘူး။
◼ Nolan ခက်ခက်ခဲခဲနဲ့ ဖန်တီးခဲ့တဲ့ Batman သုံးကားစလုံးကို ဘယ်လိုမြင်ကြလဲဆိုတာ Comment လေးမှာ ဝင်ရောက်ဆွေးနွေးပေးသွားပါဦး။
John Snow ရေးသားသည်။
0 Comments