Porpular

6/recent/ticker-posts

Cocaine Bear | ရီဗျူး

Cocaine Bear | ရီဗျူး

မတ် ၂၉၊ ၂၀၂၃။

◼ ကိုကင်းအမှုန့်တွေကိုမတော်တဆစားမိပြီး ဆေးကြောင်သွားတဲ့ အမေရိကန်ဝက်ဝံနက်ကြီးတစ်ကောင်နဲ့ အဲဒီဝက်ဝံကြီးက ဘယ်လိုပြဿနာတွေဖြစ်လာလဲဆိုတာကို ဇာတ်ကွက်ဆင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ (မူရင်းအဖြစ်အပျက်မှာတော့ ဝက်ဝံကြီးက ဆေးလွန်ပြီးသေသွားခဲ့တာပါ)

◼ အရင်ဆုံးပြောရရင် ကြည့်ပျော်ရှုပျော်ရှိတဲ့ comedy-horror ရုပ်ရှင်လို့ အဖွင့်စပြောချင်ပါတယ်။ Dark comedy ကို ကောင်းကောင်းလေးသုံးထားတယ်၊ အဲလိုကောင်းလွန်းလို့လဲ ကြောက်စရာမကောင်းပဲ တစ်ကားလုံးနီးပါး ရယ်နေရတာပါပဲ။ ရုပ်ရှင်ရဲ့ပထမပိုင်းမှာ ဇာတ်လမ်းတည်ဆောက်ပုံက သူ့နေရာနဲ့သူအကွက်စေ့သလောက် ဒုတိယပိုင်းမှာစလွဲလာတာကိုတွေ့ရပါတယ်။ ဝက်ဝံကိုတည်တဲ့ဇာတ်မှာ ဝက်ဝံကိုအဓိကမပြပဲနဲ့ လူတွေရဲ့အရှုပ်တွေကိုထုတ်ထုတ်ပြတာက horror ရုပ်ရှင်အနေနနဲ့ဆိုရင် အတော်ကြီးကိုဆိုးဝါးတာပါ။ ဇာတ်သိမ်းမှာလည်း ဖြစ်ကတတ်ဆန်းသိမ်းတယ်လို့မပြောရုံတမယ်ပါပဲ။ ဆုံးသွားတဲ့ Rey Liotta ကြီးကိုတောင် အားနာတယ်။ သူ့ရဲ့ Syd ဇာတ်ကောင်က လုပ်ကွက်နည်းတာတောင်မှ ကွက်တိလုပ်ပြသွားခဲ့တယ်။ 

◼ Elizabeth Banks က သူဒါရိုက်တာလုပ်တဲ့ရုပ်ရှင်တွေလိုလိုက အဖျားရှုးတတ်တာတွေရှိပါတယ်။ Charlie's Angels အပြင် အခု ဒီကားမှာလည်း အဖျားရှုးတယ်။ 

◼ အနှစ်ချုပ်သဘောနဲ့ပြောရရင်တော့ ဇာတ်လမ်းမှာအားနည်းချက်တွေရှိတယ်၊ horror သမားတွေအတွက်တော့ အကြိုက်တွေ့စရာရုပ်ရှင်မဟုတ်ဘူး၊ ကောင်းပေမယ့်အဖျားရှုးသွားတဲ့ရုပ်ရှင်လို့သတ်မှတ်နိုင်ပါတယ်။

MVE Score: 5/10



Post a Comment

0 Comments