DCEU ရဲ့ The Flash ရုပ်ရှင်ကို Tom Cruise သဘောကျနေတယ်
DC | မတ် ၁၈၊ ၂၀၂၃။
◼ It ဒါရိုက်တာ Andy Muschietti ရိုက်ကူးထားတဲ့ DCEU ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Flash ဟာ လာမယ့် ဇွန် ၁၆၊ ၂၀၂၃ မှာ ပိတ်ကားထက်ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။
◼ The Flash ရုပ်ရှင်ကို စောင့်မျှော်အားပေးနေကြသူတွေထဲမှာ Hollywood ရဲ့ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Tom Cruise လည်း ပါဝင်နေပါတယ်။ ထူးခြားချက်တစ်ခုကတော့ Tom Cruise ဟာ The Flash ရုပ်ရှင်ကို ရုံမတင်ခင်ကတည်းက ကြည့်ရှုခဲ့ရသူတစ်ဦးဖြစ်ပြီး The Flash ရုပ်ရှင်ကို ကြိုက်နှစ်သက်ရုံသာမက ဒါရိုက်တာ Andy Muschietti ကိုပါ အားပေးခဲ့ကြောင်း သိရပါတယ်။
◼ The Hollywood Reporter သတင်းအရ ပထမသတင်းရင်းမြစ်ရဲ့မှတ်ချက်အရ ဖေဖော်ဝါရီလကုန်ပိုင်းဝန်းကျင်မှာ Tom Cruise ဟာ Warner Bros. Discovery ဥက္ကဌ David Zaslav နဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး The Flash ကို ကြိုတင်ကြည့်ရှုခွင့်ပေးဖို့ David Zaslav ကို တောင်းဆိုခဲ့ကြောင်း၊ David Zaslav ဟာ Tom Cruise ရဲ့ တောင်းဆိုချက်ကိုလက်ခံခဲ့ပြီး The Flash ရဲ့ ကော်ပီဗားရှင်းတစ်ခုကို Tom Cruise ရဲ့ အိမ်ကိုပို့ပေးခဲ့ကြောင်းသိရပါတယ်။ သို့ပေမယ့် ဒုတိယသတင်းအရ Warner Bros. Discovery ဝန်ထမ်းတစ်ဦးဟာ Tom Cruise ရဲ့ Beverly Hills က အိမ်ကို The Flash ရုပ်ရှင်ကိုလာပြပေးပြီး ရုပ်ရှင်ပြီးသည်အထိထိုင်စောင့်ခဲ့ကြောင်းသိရပါတယ်။
◼ The Flash ရုပ်ရှင်ကို Tom Cruise က The Flash မှာ ပရိသတ်လိုချင်တာအကုန်ပါဝင်ကြောင်းနဲ့ Hollywood မှာ ဒီလိုရုပ်ရှင်တွေကိုလိုအပ်နေကြောင်း မှတ်ချက်ပြုခဲ့တယ် လို့ အဆိုပါသတင်းအရသိရပါသေးတယ်။
◼ အထက်ဖော်ပြပါအကြောင်းအရာကို Tom Cruise နဲ့ Warner Bros. Discovery တို့ဘက်က တရားဝင်မှတ်ချက်တစ်စုံတစ်ရာပြောဆိုခြင်းမရှိသေးပါဘူး။
The Flash ရုပ်ရှင်အကြောင်းကိုဒီမှာဖတ်လို့ရပါတယ်။
Ref: THR
McGarrett ရေးသည်။

0 Comments