Gladiator 2 မှာ Denzel Washington ပါဝင်ရန် ညှိနှိုင်းဆွေးနွေးနေပြီဖြစ်
မတ် ၁၈၊ ၂၀၂၃။
◼ ဒါရိုက်တာ Ridley Scott ရဲ့ Gladiator 2 ဟာ ပရိသတ်ရဲ့စိတ်ဝင်စားမှုကို တစ်စထက်တစ်စ ပိုမိုရရှိလာနေပြီဖြစ်ပါတယ်။
◼ The Equalizer မင်းသားကြီး Denzel Washington ဟာလည်း Gladiator 2 မှာ ပါဝင်လာဖို့အတွက် ညှိနှိုင်းဆွေးနွေးနေပြီဖြစ်ပါတယ်။ Variety သတင်းအရ အဆိုပါညှိနှိုင်းဆွေးနွေးမှုဟာ နောက်ဆုံးအဆင့်အထိရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။ ညှိနှိုင်းဆွေးနွေးမှုပြီးဆုံးသွားပြီဆိုရင်တော့ အော်စကာနှစ်ဆုရ သရုပ်ဆောင် Denzel Washington ဟာ Gladiator 2 မှာ ပါဝင်လာတော့မှာပါ။
◼ ဒါ့အပြင် ၂၀၂၃ အော်စကာဆန်ခါတင်စာရင်းဝင် The Banshees of Inisherin ရုပ်ရှင်ရဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Barry Keoghan ဟာ Gladiator 2 မှာ ပါဝင်လာဖွယ်ရှိနေပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေပါသေးတယ်။
◼ Gladiator 2 မှာ Paul Mescal ကို Maximius နဲ့ Lucilla တို့ရဲ့သားဖြစ်သူ Lucius အဖြစ်၊ Barry Keoghan ကို Emperor Geta အဖြစ် တွေ့ရဖွယ်ရှိပြီး Denzal Washington ကို ဘယ်ဇာတ်ကောင်အတွက်ကမ်းလှမ်းထားလဲဆိုတာကတော့မသိရသေးပါဘူး။
◼ Ridley Scott နဲ့ Denzel Washington တို့ဟာ၂၀၀၇ ရုပ်ရှင် American Gangster မှာလည်း အတူတူအလုပ်လုပ်ခဲ့ကြပါတယ်။
◼ Gladiator 2 ကို နိုဝင်ဘာ ၂၂၊ ၂၀၂၄ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Ref: Variety
McGarrett ရေးသည်။

0 Comments