Porpular

6/recent/ticker-posts

Sequel ထပ်ထွက်ဦးမယ့် Lionsgate thriller ရုပ်ရှင် Fall

Sequel ထပ်ထွက်ဦးမယ့် Lionsgate thriller ရုပ်ရှင် Fall


မတ် ၁၈၊ ၂၀၂၃။

◼ Lionsgate ကုမ္ပဏီကဖြန့်ချိခဲ့တဲ့ thriller ရုပ်ရှင် Fall ဟာ Netflix မှာ ပြသခဲ့ပြီးနောက်မှာ နိုင်ငံတကာစျေးကွက်မှာအောင်မြင်မှုများစွာရခဲ့ပါတယ်။

◼ Fall ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Tea Shop Productions နဲ့ ဒါရိုက်တာ Scott Mann ဟာ နောက်ထပ် Fall ရုပ်ရှင်အသစ်အတွက် ဆွေးနွေးနေကြတာဖြစ်ပြီး အမြင့်ကြောက်တဲ့သူတွေကို ဘယ်လိုစိတ်ခြောက်ခြားစရာတွေထပ်ပေးရမလဲဆိုတာ တိုင်ပင်နေကြပြီဖြစ်ပါတယ်။

◼ Fall ဟာ ကန္တာရထဲမှာရှိတဲ့ အမြင့်ပေနှစ်ထောင်ရှိတဲ့ ရေဒီယိုတာဝါတိုင်ပေါ်ကိုတက်သွားကြရင်း ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားတာဖြစ်ပြီး Grace Caroline Currey (Shazam! Fury of the Gods) နဲ့ Virginia Gardner (Gaslit) တို့ ပါဝင်ထားကြပါတယ်။ 

◼ Fall ဟာ ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၅ သန်း အသုံးပြုထားပြီး ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၂၂ သန်းအထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် Netflix UK ဒေသတွင်းကြည့်ရှုမှုမှတ်တမ်းမှာ Fall ဟာ အဆင့် ၂ ရခဲ့ပါတယ်။ 

Ref: Deadline

McGarrett ရေးသည်။



Post a Comment

0 Comments