DC Universe သစ်မှာ Vertigo Comic ဆိုင်ရာ ဇာတ်ကောင်များကို ထပ်မံထည့်သွင်းဖွယ်ရှိနေ
DC | မတ် ၂၀၊ ၂၀၂၃။
◼ Warner Bros. Discovery လက်အောက်ခံ DC Studios ရဲ့ DC Universe သစ်အတွက် ပထမဆုံးပရောဂျက်ဆယ်ခုကို DC Studios ရဲ့ CEO တစ်ဦးဖြစ်သူ James Gunn က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကြေညာအတည်ပြုလာခဲ့ပါတယ်။
◼ အဲဒီပရောဂျက်ဆယ်ခုထဲကတစ်ခုဖြစ်တဲ့ Swamp Thing ရုပ်ရှင်ဟာ DC Comic ဇာတ်ကောင်ဖြစ်ပေမယ့်လည်း Swamp Thing Comic ကို Vertigo Comic ရဲ့ ခေါင်းစဥ်အောက်ကနေထုတ်ဝေဖြန့်ချိခဲ့တာဖြစ်ပါတယ်။
◼ DC Universe သစ်မှာ Vertigo Comic ဆိုင်ရာ အကြောင်းအရာတစ်ခုပါဝင်လာတဲ့အတွက် DC ပရိသတ်တစ်ယောက်ဖြစ်တဲ့ Vita Ozymandias ဆိုသူက James Gunn ကို Twitter ကနေတစ်ဆင့် "Swamp Thing အပြင် နောက်ထပ် Vertigo ဇာတ်ကောင်တွေကို တွေ့ရဖို့ရှိသေးလား" ဆိုပြီး မေးလာပါတယ်။ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး James Gunn က Vertigo ဇာတ်ကောင်တွေထဲကတချို့တဝက်ကို DC Universe သစ်မှာ ထည့်သွင်းဖို့ညှိနှိုင်းနေကြောင်း အခုလိုပြောလာပါတယ်။
"Swamp Thing က Vertigo Comic ကပါ၊ ဒါပေမယ့် သူက DC ဇာတ်ကောင်ပါပဲ။ ကျွန်တော်တကယ်သဘောကျတဲ့ အလားအလာရှိတဲ့ကိစ္စနည်းနည်းကို Vertigo Comic နဲ့ ညှိနှိုင်းဆွေးနွေးနေပါတယ်။"
◼ Vertigo ရဲ့ ဘယ်လိုအကြောင်းအရာတွေကိုလဲဆိုတာကိုတော့ James Gunn ဘက်က အတည်ပြုခြင်းမရှိခဲ့ပါဘူး။
◼ Swamp Thing အပြင် The Sandman, V for Vendetta, Hellblazer, Preacher, Y: The Last Man, The American Way, 100 Bullets, American Vampire နဲ့ Fables တို့ဟာ Vertigo Comic လက်အောက်ကနေထုတ်ဝေတဲ့ DC Comic များဖြစ်ကြပါတယ်။
◼ James Gunn ရဲ့ အဲဒီတုံ့ပြန်ချက်အရ DC Universe သစ်မှာ ပါဝင်လာဖို့အများဆုံးကတော့ John Constantine ဖြစ်ပြီး V for Vendetta ကိုလည်း ထည့်သွင်းနိုင်ချေရှိတယ်လို့ ပရိသတ်တွေက သုံးသပ်နေကြတာပါ။
◼ V for Vendetta ဟာ ၂၀၀၉ မှာ ရုပ်ရှင်တစ်ကားထွက်ခဲ့ပြီး ပရိသတ်အားပေးမှုအများအပြားရခဲ့ပါတယ်။
Ref: Twitter
Sub-Zero ရေးသည်။

0 Comments