၄ ကားမြောက် Jumanji ရုပ်ရှင်အတွက် ဆွေးနွေးနေကြပြီဟု ဆို
မတ် ၂၀၊ ၂၀၂၃။
◼ ၁၉၉၅ ထုတ် Jumanji ရုပ်ရှင်ကစပြီး ၂၀၁၇ မှာ Welcome to Jumanji ၊ ၂၀၁၉ မှာ Jumanji The Next Level ဆိုပြီး Sequel တွေထုတ်ပြီး အောင်မြင်ခဲ့တဲ့ Jumanji Franchise ကြီးဟာ အခုဆိုရင် စတုတ္တမြောက်ရုပ်ရှင်အတွက်ဆွေးနွေးနေပြီလို့သိရပါတယ်။
◼ Jumanji ရုပ်ရှင် ၂ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသသရုပ်ဆောင် Kevin Hart ဟာ ၉၅ကြိမ်မြောက် အော်စကာဆုပေးပွဲကြီးမှာ Variety သတင်းဌာနနဲ့ အင်တာဗျုးတစ်ခုလုပ်ခဲ့ပါတယ်။
◼ အဆိုပါအင်တာဗျူးမှာ Kevin Hart ဟာ The Rock နဲ့သူရဲ့ Duo ကို ဒီလိုပဲ အဆုံးမသတ်ချင်တာကြောင့်
နောက်ထပ် Jumanji ရုပ်ရှင်တစ်ကားကိုဆက်ရိုက်ဖို့ဆွေးနွေးနေကြောင်းပြောပြလာပါတယ်။
"ကျွန်တော်တို့ နောက်ထပ် Jumanji ရုပ်ရှင်တကားအတွက် စကားပြောနေပါတယ်။ မှန်ပါတယ်။ အဲ့ရုပ်ရှင်အတွက်ဆွေးနွေးနေတာပါ။ ကျွန်တော်တို့နှစ်ယောက်ရဲ့နောက်ဆုံးအခန်းက ဘယ်ဟာဖြစ်လာမလဲ ဘာဖြစ်နိုင်မလဲဆိုတာကို ဆွေးနွေးနေတုန်းပါပဲ။ဒီအတိုင်းတန်းလန်းကြီးမပြီးသွားစေချင်ဘူးလေ။"
Ref: Variety
ကိုခွေး ရေးသည်။

0 Comments