ဇာတ်ဝင်ခန်းတစ်ခုအတွက် ကိုယ့်ဆံပင်ကိုယ်ညှပ်ပစ်ခဲ့တဲ့ Florence Pugh
မတ် ၂၇၊ ၂၀၂၃။
◼ ဒါရိုက်တာ Zach Braff ရိုက်ကူးထားပြီး Morgan Freeman နဲ့ Florence Pugh တို့ ပါဝင်ထားတဲ့ A Good Person ရုပ်ရှင်ဟာ မတ်လ ၂၄ ရက်နေ့မှာကတည်းက အမေရိကန်နိုင်ငံမှာ ရုံတင်ပြသနေတာဖြစ်ပါတယ်။
◼ A Good Person က ဇာတ်ဝင်ခန်းတစ်ခုအတွက် Florence Pugh ဟာ ဆံပင်တုနဲ့ရိုက်ကူးမယ့်အစား ကိုယ့်ဆံပင်ကို ကိုယ်ဘာသာပြန်ညှပ်ပစ်လိုက်ပါတယ်။
◼ A Good Person မှာ Florence Pugh ဟာ Alison ဆိုတဲ့ဇာတ်ရုပ်နဲ့သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇာတ်လမ်းအရ Alison ဟာ သူ့အစ်မနဲ့ သူ့ခဲအိုဖြစ်သူရဲ့သေဆုံးမှုကြောင့် စိတ်ထိခိုက်နေတာဖြစ်ပါတယ်။
◼ ဇာတ်ဝင်ခန်းအတွက် Florence Pugh ဟာ သူ့ဆံပင်သူညှပ်ပစ်ခဲ့တာဖြစ်ကြောင်း ပြီးခဲ့တဲ့သောကြာနေ့ကပြုလုပ်ခဲ့တဲ့ USA Today နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြလာတာဖြစ်ပြီး ဒီလိုမျိုးညှပ်ပစ်ဖို့စိတ်ကူးဟာ သူငယ်ငယ်က ကိုယ်ဘာသာဖန်တီးခဲ့တဲ့ DIY ဆံပင် ပုံစံတွေဆီကနေ စိတ်ကူးမိတာဖြစ်ပြီး ဆံပင်ကိုညှပ်မပစ်ခင်မှာလည်း ဆံပင်ပညာရှင်နဲ့တိုင်ပင်ခဲ့ကြောင်း Florence Pugh ဟာ အဲဒီအင်တာဗျူးမှာပြောလာခဲ့တာပါ။
◼ အဲဒီဇာတ်ဝင်ခန်းကိုရိုက်ကူးစဥ်ကလည်း ရိုက်ကူးရေးအဖွဲ့သားတွေဟာ အလွန်စိတ်လှုပ်ရှားပြီးစောင့်ကြည့်နေခဲ့ကြကြောင်းလည်းသိရပါတယ်။
◼ A Good Person ရဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာ Zach Braff ဟာ Florence Pugh ရဲ့ ရည်းစားဟောင်းလည်းဖြစ်ပါတယ်။
Ref: Insider Entertainment
Sub-Zero ရေးသည်။
0 Comments