Frankenstein ရုပ်ရှင်သစ်အတွက် သရုပ်ဆောင်သုံးဦးနဲ့ဆွေးနွေးစကားပြောနေ
မတ် ၁၆၊ ၂၀၂၃။
◼ ပြီးခဲ့တဲ့ ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ နာမည်ကျော်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Guillermo del Toro ရဲ့ Pinocchio ရုပ်ရှင်ဟာ Best Animated Film ဆု ကိုရရှိခဲ့ပါတယ်။
◼ Guillermo del Toro ဟာ ယခုအခါမှာ စာပေအရရော ရုပ်ရှင်မှာပါနာမည်ကြီးနေတဲ့ နာမည်ကျော် horror ဇာတ်ကောင် Frankenstein ကို ရုပ်ရှင်တစ်ကားအဖြစ် ဖန်တီးထုတ်လုပ်ကာ Netflix မှာ ပြသဖို့ပြင်ဆင်နေပါတယ်။
◼ Variety သတင်းဌာနရဲ့ သတင်းဆောင်းပါးအရ Frankenstein ဟာ လက်ရှိမှာ ကနဦးအဆင့်ဖြစ်တဲ့ သရုပ်ဆောင်ရွေးချယ်မှုအပိုင်းကိုပြုလုပ်နေကြောင်းသိရပါတယ်။ လက်ရှိ ဟောလိဝုဒ်ရဲ့ နာမည်ကြီးသရုပ်ဆောင်သုံးယောက်ဖြစ်တဲ့ Andrew Garfield, Oscar Isaac နဲ့ Mia Goth တို့ကို Frankenstein မှာ ပါဝင်စေဖို့အတွက် ညှိနှိုင်းစကားပြောဆွေးနွေးနေကြောင်း အဆိုပါသတင်းဆောင်းပါးအရသိရပါတယ်။
◼ Andrew Garfield ဟာ The Amazing Spider-Man, Hacksaw Ridge, Tick, Tick... Boom! စတဲ့ ရုပ်ရှင်တွေအပြင် Hulu ရဲ့ Under the Banner of Heaven ဇာတ်လမ်းတွဲမှာလည်းပါဝင်ထားပါတယ်။ Oscar Isaac ကတော့ Star Wars sequel သုံးကားတွဲ၊ Dune နဲ့ X-Men: Apocalypse အပြင် Marvel ဇာတ်လမ်းတွဲ Moon Knight မှာလည်း သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင် Mia Goth ကတော့ လက်ရှိရေပန်းစားနေတဲ့ Pearl အပြင် X သုံးကားတွဲမှာလည်း ပါဝင်ထားပါတယ်။
◼ Frankenstein ရုပ်ရှင်ဟာ စာရေးဆရာမ Mary Shelly ရဲ့ Frankenstein ဝတ္ထုကိုအခြေခံရိုက်ကူးသွားမှာဖြစ်ပြီး Guillermo del Toro ကပဲ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ နေရာတွေကို တာဝန်ယူသွားဖွယ်ရှိပါတယ်။
◼ သို့ပေမယ့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Netflix နဲ့ Guillermo del Toro တို့ဘက်က တရားဝင်အတည်ပြုပေးခြင်းမရှိသေးပါဘူး။
ပုံစာ (ဝဲမှယာ) - Andrew Garfield, Oscar Isaac, Mia Goth
Ref: Variety
McGarrett ရေးသည်။
0 Comments