John Wick: Chapter 4 က စတန့်သမားတွေကို တီရှပ်အင်္ကျီလက်ဆောင်ပေးတယ်ဆိုတဲ့ Keanu Reeves
မတ် ၃၀၊ ၂၀၂၃။
◼ Keanu Reeves ဟာ John Wick Chapter 4 မှာ ပါခဲ့တဲ့ စတန့်သမားတွေကို Rolex နာရီ တစ်လုံးစီ လက်ဆောင်ပေးခဲ့တယ်ဆိုတာကိုတော့ ပရိသတ်တွေသိထားပြီးဖြစ်မှာပါ။
◼ ယခုအခါမှာတော့ Keanu Reeves ဟာ John Wick: Chapter 4 က စတန့်သမားတွေကို နောက်ထပ် တီရှပ်အင်္ကျီတစ်ထည်စီလက်ဆောင်ပေးခဲ့ပါသေးတယ်။ အင်္ကျီပေးတာက မထူးဆန်းပေမယ့်လည်း ထူးဆန်းတာကတော့ ရုပ်ရှင်ထဲမှာ စတန့်သမားတွေ သေပြရတဲ့အကြိမ်အရေအတွက်ကို အင်္ကျီပေါ်မှာစာသားရိုက်နှိပ်ထားတာပါပဲ။ အဲဒီအင်္ကျီတွေအရ တချို့စတန့်သမားတွေကတော့ ရုပ်ရှင်ထဲမှာ အကြိမ် ၂၀ ကျော် သေပြခဲ့ရတယ်လို့ သိရပါသေးတယ်။
◼ John Wick: Chapter 4 မှာ စတန့်သမား ၃၅ ယောက်ထက်မနည်း ပါဝင်ခဲ့တာပါ။
◼ မတ် ၃၀ ရက်နေ့ နောက်ဆုံးရရှိထားတဲ့မှတ်တမ်းများအရ Keanu Reeves ရဲ့ John Wick: Chapter 4 ဟာ ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၁၅၂,၇၄၅,၆၅၉ အထိ ရရှိထားကြောင်းသိရှိရပါတယ်။ အမေရိကန်ဒေသတွင်းရုံတင်ငွေ ကန်ဒေါ်လာ ၈၆,၁၉၃,၇၉၀၊ နိုင်ငံတကာရုံတင်ငွေ ကန်ဒေါ်လာ ၆၆,၅၅၁,၈၆၉ အထိ ရရှိထားတာပါ။
Ref: Variety
Sub-Zero ရေးသည်။
0 Comments