Midsommar ဟာ Florence Pugh အတွက် လွယ်ကူတဲ့ရုပ်ရှင်မဟုတ်ခဲ့
မတ် ၃၁၊ ၂၀၂၃။
◼ အင်္ဂလိပ်သရုပ်ဆောင် Florence Pugh ဟာ Little Women ရုပ်ရှင်မှာ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်သလို Fighting with my Family, Puss in Boots: The Last Wish, The Wonder, Midsommar နဲ့ Black Widow ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
◼ ၂၀၁၉ က ထွက်ခဲ့တဲ့ ဒါရိုက်တာ Ari Aster ရဲ့ Midsommar ရုပ်ရှင်ဟာ cult ရုပ်ရှင်တွေ၊ daylight horror ရုပ်ရှင်တွေကြားမှာ ရေပန်းစားခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်သလို Florence Pugh ဟာလည်း Midsommar မှာ Dani ဆိုတဲ့ အဓိကဇာတ်ရုပ်နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။
◼ ဆွီဒင်နိုင်ငံက pagan cult တစ်ခုကိုအခြေခံဖန်တီးထားတဲ့ Midsommar ဟာ Florence Pugh အတွက် အခွင့်အရေးတွေပိုမိုယူဆောင်လာပေးတဲ့ရုပ်ရှင်တစ်ကားဖြစ်သလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုလည်း ဖြစ်ပေါ်စေခဲ့တဲ့ ရုပ်ရှင်တစ်ကားလို့လည်း သတ်မှတ်နိုင်ပါတယ်။
◼ Midsommar ရိုက်ကူးခဲ့စဥ်က အတွေ့အကြုံတချို့ကို Florence Pugh က Off Menu ဆိုတဲ့ podcast အစီအစဥ်မှာ အခုလိုမျိုးပြောပြလာပါတယ်။
"ဒီဟာရိုက်တုန်းက သူကကျွန်မစိတ်ထဲမှာလုံးဝစွဲထင်သွားခဲ့တာ၊ ဒီဟာအရင်ကဆို ဘယ်ဇာတ်ကောင်ကိုမှ ဒီဟာလောက်ကိုမစွဲခဲ့ဖူးဘူး။ ဒီလောက်နာကျင်ရတဲ့ဇာတ်ရုပ်မျိုးကို အရင်က ကျွန်မတစ်ခါမှသရုပ်မဆောင်ဖူးဘူး။ တခြားသရုပ်ဆောင်တွေဆိုရင်တော့ လုပ်စရာမလိုနိုင်ပေမယ့် ကျွန်မကိုယ်ကျွန်မ ရှုပ်ထွေးစရာအခြေအနေတွေကြားမှာနှစ်မြုပ်ပစ်လိုက်တာပေါ့။ အကြောင်းအရာတွေက တစ်ရက်ပြီးတစ်ရက် ပိုပိုထူးဆန်းလာတယ်၊ ပိုပြီးလုပ်ရခက်လာတယ်။ ကိုယ့်ခေါင်းထဲကိုယ်စိတ်ရှုပ်စရာတွေပိုပိုထည့်လာတယ်။ နောက်ဆုံးကျတော့ ဒီလိုသရုပ်ဆောင်ချက်မျိုးကိုရဖို့ ကိုယ်ဘာသာကိုယ်ပြန်ပြီးအနိုင်ကျင့်ဖိနှိပ်ရတာပေါ့။"
◼ Florence Pugh အတွက် Midsommar ဟာ လွယ်ကူခဲ့တဲ့ရုပ်ရှင်မဟုတ်ပေမယ့်လည်း ဒါရိုက်တာ Ari Aster ကို ချီးကျူးခဲ့ပါတယ်။
◼ MCU Phase 5 မှာ ပါဝင်မယ့် Marvel ရုပ်ရှင် Thunderbolts မှာလည်း Florence Pugh ပါဝင်သွားမှာပါ။
Ref: ComicBook
Sub-Zero ရေးသည်။
0 Comments