JohnWick: Chapter 4 အထင်အမြင်
(Spoiler Free)
မတ် ၂၅၊ ၂၀၂၃။
◼ ရုပ်ရှင်ပရိသတ် အများစု စောင့်မျှော်နေတဲ့ John Wick: Chapter 4 ကို ဒီနေ့ကနေစပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ရုံတင်နေပါပြီ။
(Digital OTT ထွက်လာတဲ့အခါမှာ ထပ်မံဖြည့်စွက်ဖော်ပြပေးသွားပါမယ်)
◼ အကြမ်းဖျဥ်းအနေနဲ့ John Wick 1 က ခွေး အသတ်ခံရတဲ့အတွက် လက်စားချေတာဖြစ်ပါတယ်၊ John Wick 2 ကတော့ High Table တွေကိုစတင်မိတ်ဆက်တာ ဖြစ်ပြီးတော့ John Wick 3 မှာ မြေအောက်လောကနဲ့ အထက်ပိုင်းကို မျှမျှတတ ဖော်ပြသွားခဲ့တာကို မြင်ခဲ့ရသလို အခု John Wick: Chapter 4 ကတော့ High Table သီးသန့်ပါ။
◼ John Wick ဘယ်လောက်ထိ ကြမ်းတယ်၊ skillful ဖြစ်တယ်၊ သွေးအေးတယ်ဆိုတာကို ကျွန်တော်တို့တွေ ရှေ့သုံးကားလုံးမှာ မြင်ဖူးပြီးသားပါ။
◼ ပြီးတော့ John Wick က တစ်ယောက်တည်း ကွက်ကြမ်းနေတာမျိုးမဟုတ်ပဲ သူရင်ဆိုင်ရတဲ့ ရန်သူတွေကလည်း သူ့လိုပဲ ကြမ်းတာကြောင့် John Wick ရုပ်ရှင်တွေက ဟန်ချက် ညီတယ်လို့ ပြောလို့ရတယ်။
◼ Chapter 4 ရဲ့ 85% လောက်ဟာ တိုက်ခိုက်ခန်းတွေဖြစ်တဲ့အတွက် pure action တွေကိုသာ ကြည့်လိုသူတွေအတွက် အသင့်တော်ဆုံးလို့တောင် ပြောရမယ်။ ကျွန်တော် ရေကြည့်တာ မမှားဘူးဆိုရင် ဒီကားထဲမှာ John Wick ကြောင့် hitmen ၁၅၀ ကျော်လောက် ဘဝကူးသွားပါတယ်။
◼ တိုက်ခိုက်ခန်းတွေက လုံးဝ သေသပ်ပြီး အပြစ်ဆိုစရာ မရှိလောက်အောင် ကောင်းတယ်။ John Wick ရုပ်ရှင် ရဲ့ အသက်က action scenes တွေမလို့ Chapter 4 မှာ သရုပ်ဆောင်အသစ်တွေ ပါဝင်လာတဲ့အပေါ် အနည်းငယ် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် တကယ်တမ်းကြည့်လိုက်တော့ကျ သူတို့တွေကလည်း ဟာကွက်မရှိဘူးလို့ ပြောရမယ်။ Donnie Yen လို၊ Hiroyuki Sanada လို သရုပ်ဆောင်တွေပါလာတဲ့အတွက် The Expendables သဘောမျိုးဖြစ်သွားပါသေးတယ်။ အကြိုက်ဆုံးကတော့ ဘွိုင်ကာကြီး Scott Adkins ပါပဲ။ Scott Adkins ကို တစ်ခါမှမမြင်ဖူးခဲ့တဲ့သရုပ်ဆောင်မှုမျိုးကို John Wick Chapter 4 မှာ တွေ့ခဲ့ရတာပါ။
◼ အက်ရှင်ခန်းတွေက ဖောချင်းသောချင်းပါတဲ့အတွက် ပျင်းစရာကောင်းမယ်လို့ မြင်ရပေမယ့်ကြားထဲမှာ ထည့်ထည့်သွားတဲ့ ဟာသ အကွက်လေးတွေကြောင့် ပိုပြီး ကြည့်ကောင်းလာပါတယ်။
◼ John Wick: Chapter 4 မှာ ပြောစရာဆိုလို့ runtime မဆိုစလောက် ရှည်နေတာလေး တစ်ခုပါပဲ။
◼ John Wick: Chapter 4 ရဲ့ အဆုံးသတ်ပိုင်း ကိုလည်း သဘောကျမိပါတယ်။ Perfect Ending တစ်ခုပါပဲ။
◼ ထွက်ရှိခဲ့သမျှ John Wick ရုပ်ရှင်တွေထဲမှာ Chapter 4 က အကောင်းဆုံးလို့ သတ်မှတ်လို့ ရပေမယ့် personally ပြောရရင် ကျွန်တော့်အတွက် John Wick: Chapter 3 – Parabellum က အမိုက်ဆုံးလို့ ပြောရမှာပါ။
MVE Score: 9/10
Loki ရေးသည်။
0 Comments