Stephen King ရဲ့ The Boogeyman ဟာ horror ကားကောင်းတစ်ကား ဖြစ်လာမှာလား
မတ် ၂၅၊ ၂၀၂၃။
◼ Horror စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုတိုတစ်ပုဒ်ဖြစ်တဲ့ The Boogeyman ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ The Boogeyman ဟာ ဇွန် ၂၊ ၂၀၂၃ မှာ ပရိသတ်ဆီကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။
◼ Stephen King ရဲ့ ဝတ္ထုအများအပြားဟာ ရုပ်ရှင်အဖြစ်ဖန်တီးထားတာတွေရှိပြီး The Shining, The Green Mile, The Shawshank Redemption, Misery, The Mist နဲ့ It တို့လို အောင်မြင်တဲ့ရုပ်ရှင်တွေလည်းရှိခဲ့သလို Firestarter, Children of the Corn, Dark Tower နဲ့ Pet Semetary တို့လို ဝေဖန်ခံခဲ့ရတဲ့ရုပ်ရှင်တွေလည်းရှိခဲ့ပါတယ်။
◼ The Boogeyman မှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် David Dastmalchian ကတော့ The Boogeyman ဟာ သူကြုံခဲ့ဖူးသမျှထဲမှာ ကြောက်စရာအကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်တယ် လို့ ComicBook သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုမျိုးပြောပြလာပါတယ်။
"The Boogeyman က ကြည့်မှဖြစ်မယ်ဗျ။ ဒီကားက ကျွန်တော်ကြုံခဲ့ဖူးသမျှကာလတစ်လျှောက်မှာ ကြောက်စရာအကောင်းဆုံးကားတစ်ကားပါပဲ။ သရုပ်ဆောင်ချက်တွေကလည်း အံ့သြလောက်စရာပါပဲ။"
◼ David Dastmalchian ဟာ Ant-Man ရုပ်ရှင်နှစ်ကား၊ The Dark Knight နဲ့ The Suicide Squad တို့မှာ ပါဝင်ခဲ့ပါတယ်။
◼ The Boogeyman ရုပ်ရှင်ဟာ ၁၉၇၃ ထုတ် Stephen King ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ The Boogeyman ကို ပြန်လည်ရိုက်ကူးထားတာပါ။ The Boogeyman ကို ဒါရိုက်တာ Rob Savage က ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Black Swan ဇာတ်ညွှန်းဆရာ Mark Heyman နဲ့ A Quiet Place ဇာတ်ညွှန်းဆရာတွေဖြစ်တဲ့ Scott Beck နဲ့ Bryan Woods တို့က ပူးတွဲရေးသားထားကြပါတယ်။
◼ ဇာတ်လမ်းသဘောကတော့ မိခင်ဖြစ်သူသေဆုံးသွားတဲ့အတွက် ရုန်းကန်ရှင်သန်နေရတဲ့ Sadie နဲ့ Sawyer ကလေးနှစ်ယောက်နဲ့ ဇနီးသည်ဖြစ်သူသေဆုံးမှုကြောင့် သောကရောက်နေတဲ့ Sadie နဲ့ Sawyer တို့ရဲ့ အဖေ Will တို့ရဲ့ဘဝထဲကို ထူးဆန်းတဲ့အဖြစ်အပျက်တွေရောက်ရှိလာပုံအကြောင်းပဲဖြစ်ပါတယ်။
◼ The Mindy Project သရုပ်ဆောင် Chris Messina က Will အဖြစ်၊ Obi-Wan Kenobi သရုပ်ဆောင် Vivien Lyra Blair က Sawyer အဖြစ်၊ Yellowjacket သရုပ်ဆောင် Sophie Thatcher က Sadie အဖြစ် နဲ့ David Dastmalchian က Lester အဖြစ် ပါဝင်ထားပါတယ်။
Ref: ComicBook
McGarrett ရေးသည်။
0 Comments