I Am Legend ရုပ်ရှင်ရဲ့ alternate ending ဟာ theatrical ending ထက် ပိုပြီးကောင်းမွန်ရဲ့လား
မတ် ၂၅၊ ၂၀၂၃။
◼ ၂၀၀၇ က ထွက်ခဲ့တဲ့ Will Smith ရဲ့ I Am Legend ဟာ နောက်ထပ် sequel တစ်ကားထွက်ရှိလာဦးမှာဖြစ်ပြီး Creed သရုပ်ဆောင် Michael B. Jordan လည်း ပါဝင်လာမှာဖြစ်ကြောင်းကို ၂၀၂၃ ဖေဖော်ဝါရီလထဲမှာ Weed Road Production ကုမ္ပဏီဘက်က တရားဝင်အတည်ပြုခဲ့ပြီဖြစ်ပါတယ်။
◼ I Am Legend ဟာ စာရေးဆရာ Richard Matheson ရဲ့ ၁၉၅၄ ထုတ် I Am Legend ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ I Am Legend ဝတ္ထုကို ၂၀၀၇ ရုပ်ရှင်အပြင် ၁၉၆၄ မှာ The Last Man on Earth နဲ့ ၁၉၇၁ မှာ The Omega Man ဆိုတဲ့ ရုပ်ရှင်တွေအဖြစ်လည်း ရိုက်ကူးခဲ့ပါသေးတယ်။
◼ Will Smith ရဲ့ I Am Legend ဟာ I Am Legend ဝတ္ထုရဲ့ ရုပ်ရှင်ဗားရှင်းတွေထဲမှာ အအောင်မြင်ဆုံးဗားရှင်းဖြစ်ပြီး ဘတ်ဂျက်ငွေ ကန်ဒေါ်လာ သန်း ၁၅၀ အသုံးပြုကာ ဝင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၅၈၅.၄ သန်းကျော်အထိရရှိခဲ့ပါတယ်။ I Am Legend ရဲ့ ဇာတ်သိမ်းပိုင်းမှာ theatrical ending နဲ့ alternate ending ဆိုပြီး ဇာတ်သိမ်းနှစ်မျိုးရှိခဲ့ပါတယ်။
◼ ထူးခြားချက်တစ်ခုကတော့ I Am Legend ရဲ့ theaterical ending ဟာ မူရင်းဝတ္ထုရဲ့ဇာတ်သိမ်းနဲ့ဆိုလိုရင်းကို လုံးဝထင်ဟပ်မှုမရှိပဲ ကွဲလွဲစေခဲ့တာပါပဲ။ Robert Nevillie ဟာ Anna နဲ့ Ethan တို့ကို darkseeder တွေ လက်ထဲကနေလွတ်မြောက်စေဖို့အတွက် ကိုယ့်ကိုယ်ကိုစတေးခံလိုက်တယ်ဆိုတာဟာ ရိုးရှင်းလွန်းတဲ့ ဇာတ်သိမ်းတစ်ခုဖြစ်ပါတယ်။
◼ Alternate Ending မှာ darkseeder တွေဟာ ကိုယ်ပိုင်အသိဉာဏ်တွေဖြစ်ပေါ်လာပြီး သူတို့ရဲ့အသိုင်းအဝိုင်းကိုတည်ဆောက်လာတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ Robert Nevillie ရဲ့ အိမ်ကို darkseeder တွေ လာရောက်တိုက်ခိုက်ကြတာဟာ အစာအတွက်လိုက်လံသတ်ဖြတ်တာမဟုတ်ပဲနဲ့ Robert Nevillie ရဲ့ ဓာတ်ခွဲခန်းမှာရှိတဲ့ darkseeder တစ်ယောက်ကို လာကယ်ဖို့အတွက်ဆိုတာကို alternate ending မှာ အတိအလင်းပြသွားခဲ့တာပါ။ ဓာတ်ခွဲခန်းထဲက darkseeder တွေရဲ့ ဓာတ်ပုံတွေကို alpha darkseeder က မြင်သွားတဲ့အခါမှာ Robert Nevillie အပေါ် တုံ့ပြန်မှုတွေ၊ Robert Nevillie ဟာ သူတို့အတွက် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်တယ် ဆိုတဲ့ တုံ့ပြန်မှုတွေကိုလည်း တွေ့ရမှာပါ။ Robert Nevillie ဟာ မှန်တံခါးကိုဖွင့်ပြီး ဖြေဆေးစမ်းသပ်ဖို့အတွက် သူဖမ်းထားတဲ့ darkseeder ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတာကလည်း darkseeder တွေရဲ့ စိတ်ကို နားလည်သွားတဲ့အပြင် သူ့ကိုယ်သူကိုလည်း သူဟာ ဗီလိန်တစ်ယောက်ဖြစ်သွားပြီဆိုတာကို သဘောပေါက်သွားလို့ပါပဲ။
◼ I Am Legend ရဲ့ theaterical ending ဖြစ်တဲ့ Robert Nevillie သေတဲ့အဆုံးသတ် နဲ့ Robert Nevillie မသေတဲ့အဆုံးသတ်ဖြစ်တဲ့ alternate ending ကို စမ်းသပ်ပြသခဲ့တဲ့အခါမှာ Robert Nevillie သေတဲ့အဆုံးသတ်ကို အများစုက ပိုမိုသဘောကျကြတဲ့အတွက် ဒါဟာ theaterical ending ဖြစ်ခဲ့တာပါ။
◼ Robert Nevillie သတ်သေတဲ့အဆုံးသတ်ဟာ I Am Legend ဆိုတဲ့ နာမည်ကို အပေါ်ယံလောက်ပဲပေါ်လွင်စေတာဖြစ်တဲ့အပြင် မူရင်းဝတ္ထုရဲ့ဆိုလိုရင်းနဲ့လည်း လုံးဝကွဲလွဲခဲ့ပါတယ်။
◼ I Am Legend ရဲ့ sequel ဟာ alternate ending နဲ့ ဆက်လက်ရိုက်ကူးမှာဖြစ်တဲ့အပြင် The Last of Us ကို မှီငြမ်းဖန်တီးဦးမှာဖြစ်တဲ့အတွက် ဘယ်လိုအကြောင်းအရာတွေပါဝင်လာမလဲ၊ Michael B. Jordan ရဲ့ ဇာတ်ကောင်က ဘယ်သူလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
◼ I Am Legend ရဲ့ ပထမဆုံးဇာတ်ညွှန်းမူကြမ်းတွေမှာ ခွေးကလေး Sam အသက်ရှင်တဲ့ဗားရှင်းလည်း ပါဝင်ခဲ့ပါတယ်။
◼ ပရိသတ်တွေကရော I Am Legend ရဲ့ alternate ending ကို သဘောကျကြပါရဲ့လား။
McGarrett ရေးသည်။
0 Comments