ပြသချိန်သုံးနာရီနီးပါးရှိလာမယ့် Nolan ရဲ့ Oppenheimer ရုပ်ရှင်
မတ် ၂၅၊ ၂၀၂၃။
◼ Universal က ထုတ်လုပ်ဖြန့်ချိပြသမယ့် ဒါရိုက်တာ Christopher Nolan ရိုက်ကူးတဲ့ Oppenheimer ရုပ်ရှင်ဟာ ဇူလိုင် ၂၁၊ ၂၀၂၃ မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
◼ Puck သတင်းစာမှာ အနုပညာသတင်းထောက် Matthew Belloni ရေးသားထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်အရ Oppenheimer ရဲ့ ပြသချိန်ဟာ ၁၈၀ မိနစ် (၃ နာရီ) ကြာမြင့်နိုင်ဖွယ်ရှိကြောင်းသိရပါတယ်။
◼ Christopher Nolan ရဲ့ ရုပ်ရှင်တွေထဲမှာ Interstellar နဲ့ The Dark Knight Rises ဟာ ပြသချိန် ၁၆၉ မိနစ်နဲ့ ပြသချိန်အများဆုံးဆိုတဲ့နေရာတွေမှာရှိခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ Oppenheimer ဟာ Christopher Nolan ရုပ်ရှင်တွေထဲမှာ ပြသချိန်အကြာဆုံးရုပ်ရှင်ဖြစ်လာတော့မှာပါ။
◼ Oppenheimer ဟာ အနုမြူဗုံးတီထွင်သူ J. Robert Oppenheimer ရဲ့ အတ္ထုပ္ပတ္တိတစ်စိတ်တစ်ဒေသနဲ့ အနုမြူဗုံးဖန်တီးမှု အခြေခံရိုက်ကူးထားတာဖြစ်ပြီး J. Robert Oppenheimer အဖြစ် Cillian Murphy က ပါဝင်သရုပ်ဆောင်ထားပါတယ်။
◼ Oppenheimer ရုပ်ရှင်မှာ Cillian Murphy နဲ့ အတူ Emily Blunt, Florence Pugh, Robert Downey Jr., Jack Quaid, Rami Malek, Emma Dumount နဲ့ Matt Damon တို့ ပါဝင်ထားပြီး
McGarrett ရေးသည်။
0 Comments