Porpular

6/recent/ticker-posts

John Wick ရုပ်ရှင်သရုပ်​ဆောင် Lance Reddick ကွယ်လွန်

John Wick ရုပ်ရှင်သရုပ်​ဆောင် Lance Reddick ကွယ်လွန်

မတ် ၁၈ရက် ၂၀၂၃

The Wire ဇာတ်လမ်းတွဲ၊ John Wick နဲ့ Resident Evil ၂၀၂၂ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် Lance Reddick ဟာ ဒီကနေ့မနက်မှာ သေဆုံးသွားပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။

ဒီသတင်းကိုစတင်​ပြောကြားတာကတော့ TMZ သတင်းဌာနက ဖြစ်ပြီး သက်ဆိုင်ရာအရာရှိတွေက Lance ကို Studio Cityရှိ သူ့ရဲ့နေအိမ်မှာ သေဆုံးလျက်တွေ့ရကြောင်း ဖော်ပြထားပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းကိုတော့မသိရသေးပေမယ့် ဓမ္မတာအတိုင်းသေဆုံးမှုဖြစ်နိူင်ကြောင်း အဆိုပါအရာရှိများက မှတ်ချက်ပေးထားပါတယ်။ Lance ဟာ သေဆုံးချိန်မှာ အသက် ၆၀ရှိပြီ ဖြစ်ပါတယ်။

Lance Reddick ဟာ Percy Jackson and the Olympians ဇာတ်လမ်းတွဲမှာ Greek နတ်ဘုရား Zeus အဖြစ်ပါဝင်ဖို့လည်း ကမ်းလှမ်းခံထားရပါတယ်။

ကိုခွေးရေးသည်။

Post a Comment

0 Comments