JDF နောက်ဆုံးပါဝင်ခဲ့တဲ့ရုပ်ရှင်ကို JDF ရဲ့ မွေးနေ့မှာပဲရုံတင်ပြသမယ်
မတ် ၁၇၊ ၂၀၂၃။
◼ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် Jason David Frank (JDF) နောက်ဆုံးပါဝင်ထားခဲ့တဲ့ ရုပ်ရှင်သစ်ဖြစ်တဲ့ Legend of the White Dragon ဟာ ၂၀၂၃ ထဲမှာ ပရိသတ်ဆီကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။
◼ Legend of the White Dragon ကို Bat in the Sun Productions နဲ့ Bascule Productions Ltd. တို့က ပူးတွဲထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပြီး Jason David Frank ရဲ့ အသက်ငါးဆယ်ပြည့်မွေးနေ့ဖြစ်တဲ့ စက်တင်ဘာ ၄၊ ၂၀၂၃ မှာ မြောက်အမေရိကတိုက်စျေးကွက်မှာ စတင်ရုံတင်ပြသမှာဖြစ်ပါတယ်။
◼ Legend of the White Dragon ကို ဒါရိုက်တာ Aaron Schoenke နဲ့ Sean Schoenke တို့က ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းအနှစ်ချုပ်ကတော့ Erik Reed aka the White Dragon ဟာ ဝရမ်းပြေးဘဝနဲ့ သုံးနှစ်ကြာတိမ်းရှောင်ထွက်ပြေးခဲ့ရပြီးတဲ့နောက်မှာ သူ့ရဲ့မြို့ဆီကိုပြန်လည်ရောက်ရှိလာပြီး သူ့မိသားစုနဲ့မြို့ကိုကာကွယ်ရင်း Dragon Prime ရဲ့ လက်စားချေမှုကို ရင်ဆိုင်တိုက်ခိုက်ရတဲ့အကြောင်းဖြစ်ပါတယ်။
◼ Erik Reed aka the White Dragon အဖြစ် Jason David Frank, Dragon Prime အဖြစ် Aaron Schoenke တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Legend of the White Dragon မှာ Power Rangers သရုပ်ဆောင်ဟောင်းများဖြစ်ကြတဲ့ Jason Faunt, Ciara Hanna, Cerina Vincent တို့အပြင် Jason David Frank ရဲ့ သမီးဖြစ်သူ Jenna Rae Frank နဲ့ တခြားသရုပ်ဆောင်တွေဖြစ်တဲ့ Mark Dacascos, King Bach, Michael Madsen, David Ramsey, Rachel Brooke Smith, Kevin Porter နဲ့ Mayling Ng တို့လည်း ပါဝင်ထားကြပါတယ်။
◼ Jason David Frank ဟာ နိုဝင်ဘာ ၂၀၊ ၂၀၂၂ မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး Mighty Morphin Power Rangers, Power Rangers Zeo, Power Rangers Turbo နဲ့ Power Rangers Dino Thunder တို့မှာ Tommy Oliver အဖြစ် အဓိကသရုပ်ဆောင်ခဲ့ပြီး တခြားသော Power Rangers ဇာတ်လမ်းတွဲတွေမှာ cameo ပါဝင်ခဲ့ပါတယ်။
Ref: Deadline
McGarrett ရေးသည်။

0 Comments