Porpular

6/recent/ticker-posts

Gladiator 2 မှာ Barry Keoghan ပါဝင်ရန် ညှိနှိုင်းဆွေးနွေးစကားပြောနေ

Gladiator 2 မှာ Barry Keoghan ပါဝင်ရန် ညှိနှိုင်းဆွေးနွေးစကားပြောနေ


မတ် ၁၇၊ ၂၀၂၃။

◼ သက္ကရာဇ် ၂၀၀၀ ဝန်းကျင်တုန်းက ထွက်ရှိခဲ့ပြီး ရုပ်ရှင်ပရိသတ်တွေကြားမှာ အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ Gladiator ရုပ်ရှင်ဟာ နှစ်ပေါင်း ၂၂ နှစ် အကြာမှာ Sequel နဲ့အတူ ပရိသတ်ရှေ့မှောက်ကို ပြန်လာတော့မှာ ဖြစ်ပါတယ်။

◼ Gladiator 2 ကို ပထမ Gladiator ဒါရိုက်တာ Ridely Scott ကပဲ တာဝန်ယူရိုက်ကူးသွားဖြစ်ပြီး Normal People သရုပ်ဆောင် Paul Merscal ဟာ Gladiator 2 မှာ Lucilia ရဲ့ သားဖြစ်သူ Lucian အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။

◼ ယခုအခါမှာ အော်စကာဆန်ခါတင်စာရင်းဝင် The Banshees of Inisherin ရုပ်ရှင်ရဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Barry Keoghan ဟာ Gladiator 2 မှာ ပါဝင်လာဖွယ်ရှိနေပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်း Deadline သတင်းအရသိရပါတယ်။ Barry Keoghan ဟာ Marvel ရုပ်ရှင် Eternals နဲ့ DC ရုပ်ရှင် The Batman တို့မှာလည်း ပါဝင်ထားပါသေးတယ်။

◼ Gladiator ဟာ ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ သန်း ၄၆၀ ကျော် ရရှိခဲ့ပြီး အော်စကာဆုငါးဆုရခဲ့ပါတယ်။ 

◼ Gladiator 2 ကို နိုဝင်ဘာ ၂၂၊ ၂၀၂၄ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Ref: Deadline

McGarrett ရေးသည်။





Post a Comment

0 Comments