Porpular

6/recent/ticker-posts

သရုပ်ဆောင်သစ်တွေထပ်မံရွေးချယ်လိုက်တဲ့ The Lord of the Rings: The Rings of Power

သရုပ်ဆောင်သစ်တွေထပ်မံရွေးချယ်လိုက်တဲ့ The Lord of the Rings: The Rings of Power

Lord of the Rings | မတ် ၂၁၊ ၂၀၂၃။

◼ စာရေးဆရာကြီး J.R.R. Tolkien ရဲ့ Lord of the Rings ဝတ္ထုတွေထဲက ခေတ်လေးခေတ်ရဲ့ ဒုတိယခေတ်ကိုအခြေတည်ထားတဲ့ Amazon Prime Video ဇာတ်လမ်းတွဲ The Lord of the Rings: The Rings of Power ဟာ Season 1 ပြသခဲ့ပြီးဖြစ်သလို နောက်ထပ် Season 2 ထပ်မံထွက်ရှိလာဦးမှာဖြစ်ပါတယ်။

◼ The Lord of the Rings: The Rings of Power ဟာ Season 2 ဟာ လက်ရှိမှာ ယူကေနိုင်ငံမှာ ရိုက်ကူးရေးပြုလုပ်နေတာဖြစ်ပြီး Ciarán Hinds, Rory Kinnear နဲ့ Tanya Moodie တို့လည်း ပါဝင်လာပြီဖြစ်ပါတယ်။

◼ Ciarán Hinds, Rory Kinnear နဲ့ Tanya Moodie တို့ဟာ ဘယ်ဇာတ်ကောင်တွေနေရာကနေပါဝင်လာမလဲဆိုတာကိုတော့မသိရသေးပါဘူး။

◼ Ciarán Hinds ဟာ Justice League နဲ့ Snyder Cut မှာ Steppenwolf အဖြစ် သရုပ်ဆောင်ခဲ့ဖူးသလို There Will Be Blood, Ghost Rider: Spirit of Vengeance, The Woman in Black, Harry Potter and the Deathly Hallows Part 1 နဲ့ Game of Thrones ဇာတ်လမ်းတွဲတို့မှာ ပါဝင်ခဲ့ပါတယ်။

◼ Rory Kinnear ဟာ Daniel Craig ရဲ့ James Bond ရုပ်ရှင်တွေဖြစ်ကြတဲ့ Quantum of Solace, Skyfall, Spectre နဲ့ No Time To Die တို့မှာ ပါဝင်ခဲ့ပါတယ်။

◼ Tanya Moodie ဟာ Sherlock ဇာတ်လမ်းတွဲနဲ့ Star Wars: The Rise of Skywalker ရုပ်ရှင်တို့မှာ ပါဝင်ခဲ့ပါတယ်။

◼ ဟောလိဝုဒ်က အတွင်းသတင်းပေးများရဲ့မှတ်ချက်အရ The Lord of the Rings: The Rings of Power ရဲ့ Season 2 မှာ နာမည်ကျော်ဇာတ်ကောင် Gandalf, Nazgûl နဲ့ လက်စွပ်ကိုင်ဆောင်သူ Dwarf ဘုရင်များလည်း ပါဝင်လာမှာဖြစ်ကြောင်းသိရပါတယ်။ Season 1 မှာ လက်စွပ်သုံးကွင်းကိုမိတ်ဆက်လာခဲ့တဲ့အတွက် လက်စွပ်သခင်များနဲ့ Nazgûl ကို ထည့်သွင်းလာဖို့ဟာ ရာခိုင်နှုန်းတစ်ခုအထိရှိနေပါတယ်။

◼ Season 2 ပြသရက်ကိုတော့ မသိရသေးပါဘူး။

◼ ဒါ့အပြင် Warner Bros. Discovery ဟာ မူရင်း Lord of the Rings ဒါရိုက်တာ Peter Jackson နဲ့အတူ Middle-Earth Entertainment ခေါင်းစဥ်အောက်ကနေ နောက်ထပ် Lord of the Rings ရုပ်ရှင်သစ်များကို ထပ်မံထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။

ပုံစာ (ဝဲမှယာ) - Ciarn Hinds, Rory Kinnear, Tanya Moodie.

Ref: ComicBook

McGarrett ရေးသည်။





Post a Comment

0 Comments