Porpular

6/recent/ticker-posts

Dark Universe အသစ်စဖို့အတွက် Universal ကြောက်နေလျက်ရှိ

Dark Universe အသစ်စဖို့အတွက် Universal ကြောက်နေလျက်ရှိ

မတ် ၂၁၊ ၂၀၂၃။

◼ Universal Studios ဟာ ၎င်းတို့ပိုင် monster ဇာတ်ကောင်တွေကိုအသုံးပြုပြီး MCU လိုမျိုး cinematic universe တစ်ခုကို တည်ဆောက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ ဟောလိဝုဒ်က A list သရုပ်ဆောင်တွေဖြစ်ကြတဲ့ Tom Cruise (The Mummy), Russell Crowe (Dr. Jekyll), Sofia Boutella (The Mummy), Johnny Depp (The Invisible Man) နဲ့ Javier Bardem (Frankenstein) တို့နဲ့ Dark Universe ဆိုတဲ့ horror cinematic universe ကို တည်ဆောက်ချင်ခဲ့တာပါ။

◼ Tom Cruise နဲ့ Sofia Boutella တို့ရဲ့ ၂၀၁၇ ထုတ် The Mummy ရုပ်ရှင်နဲ့ Dark Universe ကို စတင်ဖို့ပြင်ဆင်ခဲ့ပေမယ့်လည်း ဝင်ငွေအရရော၊ ရုပ်ရှင်အရပါ အရှုံးပေါ်ခဲ့တဲ့အတွက် Universal ဟာ Dark Universe ကို မစခင်မှာတင်အဆုံးသတ်ခဲ့ရပါတယ်။

◼ သို့ပေမယ့် Universal ဟာ ၂၀၂၀ မှာ ၎င်းတို့ပိုင်ဇာတ်ကောင်တစ်ခုဖြစ်တဲ့ The Invisible Man ကို ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၇သန်းနဲ့ ရုပ်ရှင်ထုတ်ခဲ့တဲ့အခါမှာတော့ အမြတ်အစွန်းစုစုပေါင်း ကန်ဒေါ်လာ သန်း ၁၄၀ ကျော် ရခဲ့ပါတယ်။

◼ ဒါပေမယ့်လည်း Universal ဟာ ဒီကနေအထိ Dark Universe ကို ပြန်လည်စတင်ဖို့အတွက် လက်နှေးနေပါတယ်။ 

◼ ယခုနှစ် ၂၀၂၃ ထဲမှာပြသမယ့် Universal ပိုင် monster ဇာတ်ကောင်တွေဖြစ်တဲ့ Dracula နဲ့ Renfield ကို ပွဲထုတ်ထားတဲ့ Nicholas Hault နဲ့ Nicolad Cage ရဲ့ Renfield ရုပ်ရှင်ဟာ နောက်ထပ် sequel ဆက်လက်ထွက်ရှိမှာမဟုတ်ပဲ တစ်ကားတည်းအပြီးသာပြသမှာဖြစ်ကြောင်း ဒါရိုက်တာ Chris McKay ရဲ့ မှတ်ချက်အရ သိရပါတယ်။

◼ Universal ဘက်က Renfield နဲ့ ဆက်စပ်တဲ့ နောက်ထပ်ရုပ်ရှင်တွေကို ဆက်လက်ထုတ်လုပ်လိုစိတ်မရှိကြောင်းကို Chris McKay က SFX Magazine နဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုအတည်ပြုလာပါတယ်။

"စတူဒီယိုဘက်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောတာမျိုးမရှိသေးဘူး။ သူတို့ဘက်ကအမြင်မှာတော့ ဒီဟာက တစ်ကားတည်းအပြီးပဲ။ ဒီဟာကို franchise တစ်ခုရဲ့အစလိုပုံစံမျိုး သဘောထားတာမျိုးတော့ ကျွန်တော်မမြင်မိဘူး။"

◼ Nicolas Cage ကတော့ Renfield နဲ့ ပတ်သက်ပြီး နောက်ထပ် Dracula ရုပ်ရှင်တစ်ကားကို ထပ်မံထုတ်လုပ်ပေးစေလိုချင်ကြောင်း Total Film မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ မှတ်ချက်ပြုခဲ့ဖူးပါသေးတယ်။

◼ Renfield ရုပ်ရှင်ဟာ Dracula ဝတ္ထုမှာ Dracula ရဲ့ အစေခံဖြစ်သူ Renfield ဇာတ်ကောင် ကို အဓိကပွဲထုတ်ထားတာဖြစ်ပြီး ဧပြီ ၁၄၊ ၂၀၂၃ မှာ ရုံတင်ပြသသွားမှာပါ။ 

Ref: ComicBook

McGarrett ရေးသည်။ 



Post a Comment

0 Comments