Porpular

6/recent/ticker-posts

Marvel Studios ရဲ့ အရေးပါသူတစ်ဦး အလုပ်မှ နှုတ်ထွက်

Marvel Studios ရဲ့ အရေးပါသူတစ်ဦး အလုပ်မှ နှုတ်ထွက်

မတ် ၂၁၊ ၂၀၂၃။

◼ Marvel Studios မှာ နှစ်ပေါင်း ၁၇ နှစ်ကြာအောင် အလုပ်လုပ်ခဲ့သူတစ်ဦးဖြစ်တဲ့ Victoria Alonson ဟာ ယခုချိန်မှာ အလုပ်ကနေ ထွက်ခွာသွားခဲ့ပြီလို့သိရပါတယ်။

◼ အာဂျင်တီးနားထုတ်လုပ်သူ Victoria Alonson ဟာ လွန်ခဲ့တဲ့ မတ် ၁၇ ရက်၊ သောကြာနေ့တုန်းက အလုပ်ထွက်ခဲ့တာဖြစ်ပြီး Alonson အနေနဲ့ ဘာကြောင့် ဒီလို ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

◼ Victoria Alonson ဟာ ၂၀၀၆ ခုနှစ်မှာ Visual Effects Team ရဲ့ ခေါင်းဆောင်အနေနဲ့ Marvel Studios ကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တယ် Iron Man ရုပ်ရှင်မှာ co-producer အဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

◼ Iron Man 2 (2010), Thor (2011), Captain American: The First Avenger (2011) တို့မှာလည်း Victoria Alonson ဟာ co-producer အဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ မှာ ထွက်ရှိခဲ့တဲ့ The Avengers မှာတော့ သူမက executive producer အ​ဖြစ် ရာထူးတိုးခဲ့ပါတယ်။

◼ အဲဒီနောက်မှာ Marvel က ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်အများစုမှာ executive producer အဖြစ် လုပ်ကိုင်ခဲ့တဲ့အပြင် Disney+ TV Series တွေကိုပါ Alonson အနေနဲ့ ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။

◼ Victoria Alonson ဟာ ၂၀၀၆ ခုနှစ်ကစလို့ နှစ်ပေါင်း 17 နှစ် ကြာအောင် Marvel Studios မှာ အလုပ် လုပ်ပေးခဲ့သူတစ်ဦးဖြစ်ပြီး အခုလိုမျိုး သူ့ရဲ့ ထွက်ခွာမှုဟာ Marvel Studios အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်မယ်ဆိုတာတော့ အသေအချာပါပဲ။

Ref: Variety

Loki ရေးသည်။




Post a Comment

0 Comments