Shazam!: Fury of the gods Review
DC | မတ် ၂၁၊ ၂၀၂၃။
◼ ဒီ ဇာတ်ကားက တခြား DC ဇာတ်ကားတွေလို Dark အရမ်းမဖြစ်ပါဘူး။ ဒါကို တစ်ချို့ DC Fan တော်တော်များများက အားမလို၊ အားမရတွေဖြစ်ကြတာပါပဲ။
◼ အမှန်တော့ Shazam ရဲ့ ပုံစံကိုက ဟာသဘက်ကိုသွားထားတဲ့ Style မျိုးပါ။ ကလေး Super Hero တစ်ယောက်ကိုမှ မိသာစုအလွဲလေးတွေထည့်ထားတော့ ရယ်ရသွားတာပါပဲ။
◼ အရင်ဆုံး Fury of the gods ရဲ့ ကောင်းတဲ့အချက်တွေပြောပါမယ်။
◼ အရမ်းကောင်းသွားတာက Fun ဖြစ်တာပါပဲ။ တစ်ချို့ဇာတ်ကားတွေထဲကလို Joke တွေ စွတ်ထည့်သလိုမျိုးမဟုတ်ပဲ DC ရဲ့ Shazam က အကုန်လုံးဟာသကို ဟာသနဲ့ ကိုက်အောင် Action အခန်းကို Action အခန်းနဲ့ ကိုက်အောင်လုပ်ပြထားပါတယ်။ ဒါတော့ သဘောကျတဲ့အချက်ပါ။
◼ နောက်ပြီး Shazam Family နဲ့ ပါဝါတွေကို အကုန်လုံးကို ချပြထားတယ်။ Character တွေအကုန်လုံး ဟာသ လုပ်ထားပေမယ့် ပေါနေတယ်လို့ မခံစားရဘူး။ နောက်ပြီး Mary တို့ Anthea တို့ဆိုရင်လည်း ချောလွန်းလို့ Shazam ထပ်တောင် ပိုစိတ်ဝင်တစားကြည့်မိနေတဲ့အထိပါပဲ။
◼ နောက်တစ်ချက်ကောင်းတာက Greek Creature တွေကို စုံစုံလင်လင်ထည့်ပေးထားတဲ့အပြင် Atlas ရဲ့ သမီးတွေရဲ့ ရာဇဝင်နဲ့ နတ်ဘုရားတွေကြားက စွမ်းအားတွေကိုလည်း သေချာလေး ရှင်းပြထားပေးပါတယ်။ Final Fight Scence ကလည်း တော်တော်လေးကြည့်လို့ကောင်းပါတယ်။
◼ Fury of the gods ရဲ့ မကောင်းတဲ့အချက်ကို ပြောပါမယ်။
◼ CGI တစ်ချို့နေရာတွေမှာ မလိုပဲ သုံးထားတာတွေ့ရတယ်။ လေပေါ်ကနေ အောက်ပြန်ဆင်းလာရင် နေထူးနိုင်ရုပ်ရှင်တွေထဲကလို ကြိုးကြီးသုံးပြီးဆင်းလာသလိုမျိုးတွေ နောက်ပြီး တစ်ချို့ ကလေးအရမ်းဆန်လွန်းတဲ့ အခန်းတွေက ကြည့်ရတော်တော်လေး အဆင်မပြေပါဘူး။
◼ Wizard ကြီးဆိုလည်း ပုတ်နေသလို ခံစားရတယ်။ နောက်တစ်ချက်က Atlas သမီးနှစ်ယောက်ရဲ့ အစွမ်းက တော်တော်လေး ဝိနေပါတယ်။ တစ်ချို့အခန်းတွေဆိုရင် Hero နဲ့ Villain တွေ စိမ်ပြေးတန်းလုပ်နေတယ်လို့တောင် ထင်ရတယ်။ ဒါက မကောင်းတဲ့အချက်တွေပါ။
◼ အားလုံးခြုံငုံပြီးပြောရမယ်ဆိုရင် Fury of the gods ရဲ့ အခြေအနေက အရမ်းကြီးဆိုးဝါးတဲ့ ဇာတ်ကားမျိုးမဟုတ်ပေမယ့် Super Hero Movies ထပ် ဟာသကားအနေနဲ့ ကြည့်မယ်ဆိုရင်တော်တော်လေးကြည့်လို့ကောင်းတဲ့အထဲပါတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။
◼ IMDb မှာ 6.7/10 ရထားပြီး Rotten Tomatoes မှာ 53% အထိရရှိထားပါတယ်။
MVE Score: 5/10
John Snow ရေးသားသည်။
0 Comments