Porpular

6/recent/ticker-posts

Martin Scorsese နဲ့ Leonardo DiCaprio တို့ရဲ့ Devil in the White City Series ကိစ္စပြတ်သွားပြီ

Martin Scorsese နဲ့ Leonardo DiCaprio တို့ရဲ့ Devil in the White City Series ကိစ္စပြတ်သွားပြီ


မတ် ၇၊ ၂၀၂၃။

◼ အမေရိကန်ရဲ့ပထမဆုံးကွင်းဆက်လူသတ်သမား ဒေါက်တာ H.H. Holmes အကြောင်းကိုပြသမယ့် Devil in the White City Series ဟာ သရုပ်ဆောင် Keanu Reeves နဲ့ ဒါရိုက်တာ Todd Field တို့နှုတ်ထွက်သွားပြီးတဲ့နောက် ယခုအခါမှာတော့ အမှန်တကယ်ကိစ္စပြတ်သွားပြီပဲဖြစ်ပါတယ်။

◼ Hulu ရုပ်သံလိုင်းကနေပြသမယ့် Devil in the White City Series ဟာ မူလက ဒါရိုက်တာ Martin Scorsese နဲ့ သရုပ်ဆောင် Leonardo DiCaprio တို့က ထုတ်လုပ်သူအဖြစ်တာဝန်ယူထားပေမယ့်လည်း ယခုအခါမှာ Hulu ဘက်က ဒီ series ရဲ့ ထုတ်လုပ်မှုကို ဖျက်သိမ်းလိုက်ပြီး Martin Scorsese နဲ့ Leonardo DiCaprio တို့ကို ထုတ်ပယ်လိုက်ကြောင်း The Hollywood Reporter သတင်းအရ သိရပါတယ်။

◼ Devil in the White City Series ကို Hulu က ဆက်လက်ထုတ်လုပ်မှာမဟုတ်ပေမယ့်လည်း ABC Signature ကုမ္ပဏီကဝယ်ယူသွားကြောင်း၊ အဲဒီ Series မှာ Sherlock Holmes သရုပ်ဆောင် Jude Law ကို ပါဝင်စေဖို့နဲ့ ဒါရိုက်တာ Matt Ross ကို ရိုက်ကူးစေဖို့ ဆွေးနွေးနေကြောင်းသိရပါတယ်။

◼ မူလအစီအစဥ်အရ Erik Larson ရဲ့ Devil ဝတ္ထုကို အခြေခံမယ့် Devil in the White City Series ကို Martin Scorsese နဲ့ Leonardo DiCaprio တို့က ထုတ်လုပ်သူတွေအဖြစ်တာဝန်ယူပြီး Keanu Reeves က သရုပ်ဆောင်ကာ Tár ဒါရိုက်တာ Todd Field က တာဝန်ယူရိုက်ကူးမှာဖြစ်ပါတယ်။

◼ Hulu ဘက်ကတော့ Devil in the White City Series ကို ဖျက်သိမ်းရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး တရားဝင်အတည်ပြုခြင်းမရှိသေးပါဘူး။

Ref: THR

McGarrett ရေးသည်။



Post a Comment

0 Comments