ဝေဖန်ခံရမှုတွေအပေါ်တုံ့ပြန်လာတဲ့ Velma Series ဖန်တီးသူ Charlie Grandy
ဧပြီ ၃၀၊ ၂၀၂၃။
◼ HBO Max မှာ ပြသခဲ့တဲ့ Scooby Doo ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Velma ကို အခြေခံထားတဲ့ Velma animated ဇာတ်လမ်းတွဲဟာ ပရိသတ်တွေရဲ့ဝေဖန်မှုကိုပြင်းထန်စွာဝေဖန်ခံနေရပြီး IMDb rating 1.5/10, Rotten Tomatoes Tomatometer 40% နဲ့ Audience Score 7% သာ ရရှိနေပါတယ်။
◼ Velma ကို ဇာတ်ညွှန်းဆရာ Charlie Grandy က ရေးသားဖန်တီးခဲ့တာဖြစ်ပြီး Velma အသံသရုပ်ဆောင် Mindy Kaling ကလည်း ထုတ်လုပ်သူအဖြစ်တာဝန်ယူထားပါတယ်။
◼ Velma အပေါ် ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး Velam Series ရဲ့ ဖန်တီးသူ Charlie Grandy ကတော့ ၎င်းတို့ဟာ မူရင်းဇာတ်လမ်းတွဲကိုဖျက်ဆီးတာမဟုတ်ပဲ တစ်မူထူးခြားအောင်ဖန်တီးခဲ့တာဖြစ်ကြောင်း ပြန်လည်ချေပလာပါတယ်။
◼ Emmys မဂ္ဂဇင်းနဲ့အင်တာဗျူးတစ်ခုမှာ Velma အပေါ် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး Charlie Grandy က အခုလိုတုံ့ပြန်လာပါတယ်။
"အပြင်မှာ မူရင်း Hanna-Barbera show တွေ ကြည့်စရာတွေအများကြီးရှိသေးတာပဲ။ မူရင်းတွေကိုလိုက်ဖျက်ဆီးနေတာမဟုတ်ပါဘူး။ Scooby-Verse ရဲ့ အပြင်ဘက်က အစွန်အဖျားလေးတစ်ခုပဲလုပ်ခဲ့တာပါ။ Mindy (Mindy Kaling) ကျွန်တော့်ဆီကိုလာပြီး Velma နဲ့ ပတ်သက်တဲ့ဇာတ်လမ်းတစ်ခုဖန်တီးချင်တယ်လို့ပြောလာတယ်။ ဒီဇာတ်ကောင်ကို သူလည်းကြိုက်တယ်၊ သူ့ကိုအဓိကထားတဲ့ show တစ်ခုလောက်ဖန်တီးရင် ပျော်ဖို့ကောင်းမယ်လို့တွေးမိတယ်။ Velma ကို တောင်အာရှသူအဖြစ်ပဲ ဘာလို့ဆက်ထားနေမှာလဲ။ ဒီဇာတ်ကောင်တွေအကုန်လုံးက လူဖြူဖြစ်ရမယ်လို့သတ်မှတ်ထားတာလည်းမရှိဘူး။ Warner Bros. ဆီ သွားပြီး ဒီဇာတ်လမ်းအကြောင်းသွားပြတုန်းက လန့်မိတယ်။ ဒါပေမယ့် သူတို့က 'လုပ်လိုက်တော့။ အချိန်ကိုက်ပဲ၊ ရယ်ရပြီးပျော်စရာကောင်းအောင်သာလုပ်' ဆိုပြီး ပြန်ပြောခဲ့တာပါပဲ။"
◼ Velma ဟာ ပြင်းထန်စွာဝေဖန်ခံခဲ့ရပေမယ့်လည်း နောက်ထပ် Season 2 ထပ်မံထွက်ရှိလာဦးမှာပါ။
Ref: ScreenRant
Sub-Zero ရေးသည်။
0 Comments