Transformer: Rise of the beasts မှာ ပါဝင်လာမယ့် Scourge အကြောင်း မိတ်ဆက်
ဧပြီ ၃၀၊ ၂၀၂၃။
◼ Transformer: Rise of the beasts မှာ Bumblebee ကို ဓားနဲ့ထိုးလိုက်တဲ့ Scourge က Autobot တွေ အတွက် ဘယ်လို Villain မျိုးလဲ။
◼ Transformers: Rise of the Beasts ရဲ့ ဒုတိယ trailer မှာ Bumblebee တစ်ယောက် Scourge ရဲ့ လက်ထဲမှာ လည်ပင်းညစ်တာခံနေရပြီး ဓားနဲ့ ရင်ဘတ်ကိုအထိုးခံလိုက်တာရကို အားလုံးတွေ့ကြမှာပါ။
◼ ဒီလိုမျိုး Autobot တွေ ဖြုံလောက်တဲ့ Scourge ဆိုတာ Transformer Universe ရဲ့ Generation 1 စီးရီးမှာ Galvatron ပြီးရင် အာဏာအရဆုံး Decepticon တစ်ယောက်ဖြစ်ပါတယ်။
◼ Scourge နဲ့ သူ့တပ်ဖွဲ့ဝင်တွေအားလုံး Unicron ကို Reformat လုပ်ပြီး Autobot တွေလက်ချက်နဲ့ အပြင်းအထန် ဒဏ်ရာရနေချိန်မှာ Unicron ပေါ်မှာရှိတဲ့ Thundercracker Body နဲ့ အစားထိုးခဲ့ပါတယ်။
◼ Unicron ကို Reformat လုပ်ပြီးနောက်ပိုင်းကနေစတင်ပြီးတော့ Megatron က Galvatron ဖြစ်လာပြီး Thundercracker ကတော့ Scourge ဖြစ်လာခဲ့ပါတယ်။
◼ Scourge ကတော့ Decepticon မုဆိုးတွေဖွဲ့စည်းထားတဲ့ Sweeps အဖွဲ့ကို ခေါင်းဆောင်ပြီး Unicron နဲ့ Galvatron ပေါ်မှာ သစ္စာမပျက် အမှုထမ်းခဲ့ပါတယ်။
◼ ဒါပေမယ့် Autobot City ကိုရှုံးနှိမ့်ခဲ့လို့ Galvatron နဲ့အတူ Sweeps အဖွဲ့တွေကို ဦးစည်းပြီး Thundercracker ရဲ့ အမာဆုံး Body ကို ရရှိထားတဲ့ Scourge ဟာ Cybertron ပေါ်က Autobot တစ်ယောက်ချင်းစီကို လိုက်ရှင်းပါတော့တယ်။
◼ အဲဒီနောက် Autobot တွေ အားလုံးရှင်းပြီးပြီလို့ ထင်နေတုန်းမှာပဲ တခြား Universe တွေကို အပို့ခံလိုက်ရတဲ့ Autobot တွေကို ခြေရာခံမိပြီးနောက် Universe တစ်ခွင် လိုက်လံ သုတ်သင်ပါတော့တယ်။
◼ ဒါက Scourge ရဲ့ဇာတ်လမ်းအကျဥ်းဖြစ်ပြီး Animation Fan တော်တော်များများက Scourge ဆိုတာ Megatron ပြီးရင် အကြမ်းဆုံးတစ်ကောင်ဖြစ်တဲ့အပြင် Unicron ကို တော်တော် သစ္စာရှိတဲ့ကောင်ဖြစ်တာကိုတော့ သိကြမှာပါ။
◼ Trailer မှာ Unicron ကို ကမ္ဘာနဲ့ ကပ်လျက်မှာ မြင်တွေ့ခဲ့ရပြီး Optimus Prime တို့ရဲ့ Universe က Megatron (သို့) Optimus Primal တို့ရဲ့ Villain ဖြစ်တဲ့ Megatron ကိုလည်း မြင်တွေ့နိုင်မှာပါ။
◼ Optimus Primal တို့ကိုတော့ Transformers: Beast Wars franchise နဲ့ အားလုံးသိကြမှာဖြစ်ပြီး Classic Optimus Prime တို့ရဲ့ တခြား Universe က ကောင်တွေဖြစ်ပါတယ်။
◼ အရှင်းဆုံးပြောရရင်တော့ Optimus Primal နဲ့ Optimus Prime တို့က Universe ချင်းမတူပေမယ့် Beast Wars အပြီးနဲ့ Bumblebee Movies ရဲ့ Cybertron Wars အပြီးမှာ ကမ္ဘာပေါ်မှာ အချင်းချင်းစဆုံကြမှာပါ။
◼ ဒီမှာမှ Optimus Prime တို့ရဲ့ Cybertron က Autobot တွေစီ ပို့တဲ့ သတင်းစကားကို Scourge ရဲ့ Radio ကနေ တစ်ဆင့်ဖမ်းမိပြီး ကမ္ဘာပေါ်ကိုလိုက်လာရာကနေ Scourge ရဲ့ Sweeps မုဆိုးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့လာမှာဖြစ်ပါတယ်။
◼ ဒီလို Battle ဖြစ်နေတုန်း Optimus Primal တို့ရဲ့ Megatron က ပေါ်လာပြီး Villain တွေ တစ်ဖက် Optimus Prime နဲ့ primal တို့ဖက် ချကြမှာလို့တော့ Trailer ရဲ့ Battle အရတော့ ထင်မိပါတယ်။
◼ Scourge ကိုတော့ ဒီ Trailer မှာ Track ကားအဟောင်း ပုံစံတစ်မျိုးနဲ့ မြင်တွေ့ရမှာဖြစ်ပြီး သူအမဲလိုက်ထားတဲ့ Terrorcons, Predacons, Maximals, Autobot တံဆိပ်မျိုးစုံ ချိတ်ဆွဲထားတာမြင်ရပြီး Leak တွေ အရ Main Autobot တစ်ဦးလည်း အသတ်ခံရဦးမှာပါ။
◼ ဒီလောက်ဆိုရင်တော့ Scourge အကြောင်းကိုရော Transformer: Rise of the Beasts ရဲ့ အရှင်းအကြောင်းကိုရော နားလည်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
◼ အခုအကြောင်းအရာတွေက Animation တွေ Comic တွေနဲ့ ဆက်စက်ပြီး ပြောသွားခဲ့တာဖြစ်လို့ ရုပ်ရှင်ထွက်လာချိန်မှာတော့ ကွဲလွဲမှုတွေလည်းရှိလာနိုင်ပါတယ်။
◼ Transformer: Rise of the beasts ကိုတော့ ဇွန် ၇၊ ၂၀၂၃ မှာရုံတင်ပြသသွားမှာဖြစ်ပါတယ်။
John Snow ရေးသည်။
0 Comments