Super Mario Bros. ရဲ့ ရုံတင်ငွေရရှိမှု ကန်ဒေါ်လာ ၁ ဘီလျံ ကျော်ပြီ
ဧပြီ ၃၀၊ ၂၀၂၃။
◼ Universal Pictures, Illumination နဲ့ Nintendo တို့ရဲ့ game animated ရုပ်ရှင် Super Mario Bros. ဟာ ရုံတင်ရက် ၂၆ ရက်ဖြစ်တဲ့ ဒီကနေ့မှာပဲ ရုံတင်ငွေရရှိမှုပမာဏ ကန်ဒေါ်လာ ၁ ဘီလျံကျော်သွားပြီဖြစ်ပါတယ်။
◼ Super Mario Bros. ဟာ ဒီကနေ့အထိ အမေရိကန်ဒေသတွင်းရုံတင်ငွေ ကန်ဒေါ်လာ သန်း ၄၉၀၊ နိုင်ငံတကာရုံတင်ငွေ ကန်ဒေါ်လာ ၅၃၂.၅ သန်းအထိ ရရှိနေကြောင်း The Hollywood Reporter သတင်းအရသိရှိရပါတယ်။
◼ Super Mario Bros. ဟာ Jurassic World: Dominion နဲ့ Despicable Me အပြီးမှာ Universal ရဲ့ သတ္တမမြောက်ရုံတင်ငွေအမြင့်ဆုံးရုပ်ရှင်ဖြစ်လာသလို ၂၀၁၉ နှောင်းပိုင်း ရုံတင်ငွေအမြင့်ဆုံး animated ရုပ်ရှင်အဖြစ်၊ Universal ရဲ့ တတိယမြောက်ရုံတင်ငွေအများဆုံး animated ရုပ်ရှင်အဖြစ်လည်းစာရင်းဝင်သွားပြီဖြစ်ပါတယ်။
◼ Super Mario Bros. ရဲ့ အကြည်ဗားရှင်းကတော့ မေ ၉၊ ၂၀၂၃ မှာ ထွက်လာတော့မှာပါ။
Ref: THR
0 Comments