Porpular

6/recent/ticker-posts

The Boys ရဲ့ Season 4 ဟာ ၎င်းအတွက် ကို့ယို့ကားယားအနိုင်ဆုံး လို့ Antony Starr ပြော



The Boys ရဲ့ Season 4 ဟာ ၎င်းအတွက် ကို့ယို့ကားယားအနိုင်ဆုံး လို့ Antony Starr ပြော

မေ ၄၊ ၂၀၂၃။

◼ ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ Amazon ရဲ့ နာမည်ကျော် Superhero Parody Series တစ်ခုဖြစ်တဲ့ The Boys ရဲ့ Season 4 ဟာ ရိုက်ကူးရေးပြီးဆုံးခဲ့ပြီဖြစ်ကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။

◼ The Boys မှာ Homelander အဖြစ် သရုပ်ဆောင်နေတဲ့ နယူးဇီလန်သရုပ်ဆောင် Antony Starr ရဲ့ မှတ်ချက်အရ The Boys ဟာ Season တစ်ခုပြီးတစ်ခုပိုပိုပြီးထူးဆန်းလာနေကြောင်းသိရပါတယ်။

◼ Variety သတင်းနဲ့ အင်တာဗျူးတစ်ခုမှာ The Boys Season 4 ဟာ ၎င်းလုပ်ခဲ့ဖူးသမျှထဲမှာ ကို့ယို့ကားယားအနိုင်ဆုံးဖြစ်ကြောင်း၊ ၎င်းရဲ့ရိုက်ကူးရေးဇာတ်ကွက်တစ်ခုမှာ မျက်မှာကျက်တစ်ခုနဲ့ရိုက်ကူးရမှာဖြစ်ပေမယ့် လူတစ်ယောက်နဲ့ပဲမျက်နှာချင်းဆိုင်ရိုက်ခဲ့ရကြောင်း Antony Starr က မှတ်ချက်ပြုခဲ့တာပါ။ ဒါ့အပြင် The Boys ရဲ့ VFX Supervisor တစ်ယောက်ဖြစ်သူ Steven Fleet ကလည်း The Boys Season 4 ဟာ ၎င်းရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရွံစရာအကောင်းဆုံးပြကွက်တွေပါဝင်တယ်လို့လည်း Twitter ကနေတစ်ဆင့် မှတ်ချက်ပြုခဲ့ဖူးပါသေးတယ်။

◼ The Boys ဟာ Garth Ennis နဲ့ Darick Robertson တို့ရဲ့ The Boys Comic ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး စူပါပါဝါရှိ​နေတဲ့လူတွေဟာ ကမ္ဘာကြီးကိုကူညီမယ့်အစား ၎င်းတို့စိတ်ထင်ရာတွေလုပ်ပြီး ထင်ရာစိုင်းနေတဲ့အကြောင်း ဇာတ်လမ်းဆင်ထားတာပါ။

◼ The Boys Season 4 မှာ Antony Starr ကို Homelander အဖြစ်၊ Karl Urban ကို Billy Butcher အဖြစ်၊ Jack Quaid ကို Hughie အဖြစ်၊ Erin Moriarty ကို Starlight အဖြစ်၊ Karen Fukuhara ကို Kimiko အဖြစ်၊ Laz Alonso ကို Mother’s Milk အဖြစ်၊ Tomer Capone ကို Frenchie အဖြစ်၊ Cameron Crovetti ကို Ryan အဖြစ်၊ Chace Crawford ကို The Deep အဖြစ်နဲ့ Jessie T. Usher ကို A-Train အဖြစ် တွေ့ရမယ့်အပြင် The Walking Dead နဲ့ Supernatural သရုပ်ဆောင် Jeffery Dean Morgan လည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။

◼ ပြသရက်ကိုတော့မသိရသေးပါဘူး။

Ref: Collider

Sub-Zero ရေးသည်။

Post a Comment

0 Comments