Porpular

6/recent/ticker-posts

Renfield ဟာ စိတ်ကျေနပ်စရာ comedy horror ရုပ်ရှင်တစ်ကားဖြစ်တယ်



Renfield ဟာ စိတ်ကျေနပ်စရာ comedy horror ရုပ်ရှင်တစ်ကားဖြစ်တယ်

မေ ၄၊ ၂၀၂၃။

◼ မင်းသား Nicolas Cage နဲ့ Nicholas Hoult တို့ရဲ့ ဒရာကူလာရုပ်ရှင် Renfield ဟာ ပြီးခဲ့တဲ့ရက်ကပဲ ဒစ်ဂျစ်တယ်အကြည်ဗားရှင်းထွက်ရှိလာပြီဖြစ်ပါတယ်။

◼ Renfield ရဲ့ ဇာတ်လမ်းအကျဥ်းကတော့ ဒရာကူလာဆီမှာ နှစ်ကာလများစွာကျေးကျွန်အဖြစ်ခစားနေရတဲ့ ရန်ဖီးလ်ဟာ ဒရာကူလာဆီမှာ အလုပ်အကျွေးပြုစုနေရတာတွေကိုငြီးငွေ့လာပြီး သူ့ကိုယ်သူပြန်လည်တည်ဆောက်ဖို့ကြိုးစားတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။

◼ ပထမဆုံးအနေနဲ့ Renfield ဟာ entertainment ပေးနိုင်ခဲ့တဲ့ comedy horror ရုပ်ရှင်တစ်ကားဖြစ်တယ်လို့ပြောလိုပါတယ်။ ရုပ်ရှင်ရဲ့ပထမပိုင်းမှာရော၊ ဒုတိယပိုင်းမှာပါ ဇာတ်လမ်းတည်ဆောက်မှုဟာ အဆက်အစပ်ရှိပြီး အဆုံးထိဆွဲခေါ်နိုင်ခဲ့ပါတယ်။ ဇာတ်ကောင်တွေတွေ့ဆုံပုံတွေ၊ ဇာတ်လမ်းဘယ်လိုဖြစ်လာလဲဆိုတာ ပြသပုံတွေဟာ သူ့နေရာနဲ့သူရှိပေမယ့်လည်း မလိုအပ်ပဲဆွဲဆန့်ထားတာလေးတွေသာ မပါလာခဲ့ရင် ပိုပြီးပြည့်စုံသွားမှာပါ။ ပြသချိန်တစ်နာရီခွဲပတ်လည်သာရှိတဲ့အတွက် ဇာတ်ဟာ မြန်မြန်ဆန်ဆန်ပြသထားတဲ့အတွက် အဆုံးသတ်အပိုင်းမှာ လိုအပ်ချက်လေးတွေတော့ရှိခဲ့ပါတယ်။ ယခင် ဒရာကူလာရုပ်ရှင်တွေက easter egg တွေကိုလည်း ပြသထားတာကတော့လေးစားစရာပါပဲ။

◼ Renfield ဇာတ်ကောင်ရဲ့တည်ဆောက်မှုဟာလည်း ကျစ်လျစ်မှုရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါမှာတော့ အနည်းငယ်လစ်ဟာသွားတာလေးတွေကိုတွေ့ရပါတယ်။ Nicholas Hoult ဟာ အရည်အချင်းရှိတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်ဆိုတာကို Renfield က သက်သေပြခဲ့တာပါ။

◼ Nicolas Cage ရဲ့ ဒရာကူလာဟာ အားလုံးသဘောကျမယ့်ဒရာကူလာတစ်ယောက်တော့မဟုတ်နိုင်ပါဘူး။ ဒါပေမယ့် Renfield ရဲ့ ဇာတ်လမ်းအရကတော့ Nicolas Cage ဟာ သူ့ရဲ့ဒရာကူလာနေရာကို အကောင်းဆုံးနဲ့အသပ်ရပ်ဆုံးပုံဖော်နိုင်ခဲ့ပါတယ်။ ဆုံးပါးသွားတဲ့ မင်းသား Christopher Lee ရဲ့ ဒရာကူလာကို Nicolas Cage တစ်ယောက် အတော်သဘောကျတဲ့ပုံပါပဲ။ Nicolas Cage ရဲ့ ဒရာကူလာမှာ Christopher Lee ရဲ့ ဒရာကူလာပုံရိပ်တွေကိုအများကြီးတွေ့ရပါတယ်။ ဒရာကူလာရဲ့ရက်စက်တဲ့သဘောသဘာဝကိုလဲစနစ်တကျပြသထားသလို မာနကြီးပြီးဟိတ်ဟန်ရှိတဲ့အသွင်ကိုလည်း Nicolas Cage တစ်ယောက် ပိပိရိရိသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒရာကူလာရဲ့ပြသချိန်နည်းတယ်လို့ဆိုကြပေမယ့် ဒီရုပ်ရှင်၊ ဒီဇာတ်လမ်းအတွက်ကတော့ လုံလောက်တယ်လို့ပြောရမှာပါ။ ဒရာကူလာတွေအနေနဲ့ယှဥ်မယ်ဆိုရင်တော့ Nicolas Cage ရဲ့ ဒရာကူလာဟာ BBC ရဲ့ ဒရာကူလာလောက်တောင် သပ်ရပ်မှုမရှိတာအမှန်ပါပဲ။

◼ ဇာတ်ပို့တွေထဲမှာတော့ Awkwafina က သရုပ်ဆောင်ကောင်းပေမယ့် သူ့ရဲ့ဇာတ်ကောင် Rebecca က တချို့နေရာတွေမှာ ဇာတ်လမ်းကိုနည်းနည်းထောက်သလိုဖြစ်သွားတာမျိုးတွေ့ရပါတယ်။ 

◼ ဖိုက်တင်ခန်းတွေ၊ သွေးထွက်သံယိုပြကွက်တွေဟာ ဒရာကူလာရုပ်ရှင်အနေနဲ့ယှဥ်ရင် horror မဆန်ပဲ action ဆန်နေတာတစ်ခုတော့ပြောစရာရှိပါတယ်။ မိတ်ကပ်အပြင်ဆင်အပိုင်းမှာတော့ ဒရာကူလာရုပ်ရှင်တွေနဲ့ယှဥ်ရင်တော့ အပြစ်တင်စရာမရှိပါဘူး။

◼ အဆုံးသတ်အနေနဲ့ပြောရရင်တော့ Renfield ဟာ ဒရာကူလာရုပ်ရှင်တစ်ကားအနေနဲ့ အားမရစရာရှိနိုင်ပေမယ့်လည်း စိတ်ကျေနပ်စရာ comedy horror ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

◼ Universal ဘက်က Renfield နဲ့ Dark Universe ကို ပြန်စဖို့အစီအစဥ်မရှိဘူးဆိုတာကိုလည်း သိသိသာသာပြသွားခဲ့ပါသေးတယ်။

MVE Score: 7/10

Sub-Zero ရေးသည်။


Post a Comment

0 Comments