ပျော်ရွှင်မှုမရှိတာကြောင့် ရုပ်ရှင်မရိုက်သေးတဲ့ သရုပ်ဆောင် Emma Watson
မေ ၄၊ ၂၀၂၃။
◼ Harry Potter ရုပ်ရှင်တွေနဲ့ Beauty and the Beast သရုပ်ဆောင် Emma Watson ဟာ ၂၀၁၉ ထုတ် Little Women ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ရုပ်ရှင်လောကကနေ အနားယူနေခဲ့တာ နှစ်ကာလတချို့ရှိခဲ့ပြီဖြစ်ပါတယ်။
◼ Emma Watson ဟာ လက်ရှိအချိန်မှာ ဘယ်လိုရုပ်ရှင်ပရောဂျက်ကိုမှလက်ခံထားခြင်းမရှိသေးပါဘူး။ ရုပ်ရှင်ရိုက်ကူးမှုတွေကနေ အနားယူနေရတာဟာ သရုပ်ဆောင်အလုပ်ကိုမပျော်ရွှင်တဲ့အတွက်ကြောင့်ဖြစ်တယ် လို့ Emma Watson က Financial Times နဲ့ အင်တာဗျူးတစ်ခုမှာပြောပြလာပါတယ်။
◼ Emma Watson က ၎င်းအနေနဲ့ ရုပ်ရှင်တွေမှာပါဝင်ခြင်းမရှိတဲ့အကြောင်းကို "ကျွန်မ နည်းနည်းပိတ်လှောင်ခံရသလိုခံစားရတယ်။ ကျွန်မနားလည်သွားတဲ့အရာက ကျွန်မ မထိန်းချုပ်နိုင်တဲ့အရာတစ်ခုကိုမဖြစ်မနေရောင်းနေရတယ်ဆိုတာကိုပဲ။ ရုပ်ရှင်တစ်ကားရှေ့မှာထွက်ရပ်နေရတာ၊ ဂျာနယ်လစ်တွေရှေ့မှာ 'ဒီဟာကိုရှင်ဘယ်လိုမြင်လဲ' ဆိုတာကိုပြန်ဖြေနေရတာ၊ ကိုယ်မပါခဲ့ရတာကို မျက်နှာချင်းဆိုင်ပြီးပြောရေးဆိုခွင့်ရှိသူအနေနဲ့ဖြေနေရတာ အဆင်မပြေဘူး။" လို့ ပြောလာပါတယ်။
◼ သို့ပေမယ့် Emma Watson ဟာ ရုပ်ရှင်လောကကို အပြီးတိုင်ကျောခိုင်းသွားတာမဟုတ်ပဲ ၎င်းနဲ့သင့်တော်တဲ့ပရောဂျက်တစ်ခုကို ပျော်ပျော်ရွှင်ရွှင်ထိုင်စောင့်နေမှာဖြစ်တယ်လို့ ပြန်လည်မှတ်ချက်ပြုလာပါသေးတယ်။
◼ Emma Watson ဟာ ပရိသတ်အားပေးမှုအများအပြားရှိနေတဲ့ အင်္ဂလိပ်မင်းသမီးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေဟာ ၎င်းကိုရုပ်ရှင်တွေမှာပြန်လည်မြင်တွေ့ချင်နေကြပါတယ်။
Ref: Variety
Sub-Zero ရေးသည်။
0 Comments