မေလ ၉ ရက်နေ့မှာ trailer သစ် ထွက်မယ့် ရာမာယဏရုပ်ရှင် Adipurush
မေ ၄၊ ၂၀၂၃။
◼ ဟိန္ဒူဘာသာလာ ဇာတ်တော်တစ်ပုဒ်ဖြစ်သလို အာရှဒေသမှာထင်ရှားတဲ့စာပေတစ်ခုဖြစ်တဲ့ ရာမာယဏဇာတ်တော်ကို အခြေခံရိုက်ကူးထားတဲ့ ရာမယဏ live-action Telugu စကားပြော အိန္ဒိယရုပ်ရှင် Adipurush ဟာ လာမယ့် ဇွန် ၁၆ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ Adipurush ဟာ Pan-India ရုပ်ရှင်ဖြစ်တဲ့အတွက် Telugu ဘာသာစကားအပြင် Hindi, Tamil, Kannada နဲ့ Malayalam ဘာသာတွေနဲ့ပါ ရုံတင်ပြသမှာပါ။
◼ Adipurush ကို T-Series နဲ့ Retrophilie တို့က ထုတ်လုပ်ထားတာဖြစ်ပြီး ဘတ်ဂျက်ငွေ အိန္ဒိယရူပီး ကုဋေ ၆၀၀ (ကန်ဒေါ်လာ ၇၅ သန်း) အသုံးပြုထားပါတယ်။ နိုင်ငံတကာရုပ်ရှင်ဒေတာဘေ့စ် IMDb ရဲ့မှတ်တမ်းအရ Adipurush ဟာ ၂၀၂၃ အတွက် ပရိသတ်အမျှော်လင့်ဆုံးအိန္ဒိယရုပ်ရှင်၇ကားစာရင်းမှာ အဆင့် ၃ မှာ ရှိနေကြောင်းသိရပါတယ်။
◼ Bollywood ရုပ်ရှင်ဝေဖန်ရေးသမား Sumit Kadel နဲ့ Bollywood Hungama ဝက်ဘ်ဆိုက်တို့ရဲ့သတင်းအရ Adipurush ရဲ့ trailer သစ်ကို လာမယ့် မေ ၉၊ ၂၀၂၃ မှာ မိတ်ဆက်ပြသမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါသတင်းအရ Adipurush ရဲ့ trailer ဟာ ကြာချိန် ၃ မိနစ်ခန့်ရှိမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ရုပ်ရှင်တစ်ကားလုံးရဲ့ကြာချိန်ကတော့ ၁၇၄ မိနစ် (၂ နာရီ ၄၄ မိနစ်) ရှိပါတယ်။
◼ Adipurush ကို ဒါရိုက်တာ Om Raut က ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး Bahubali သရုပ်ဆောင် Prabhas က ရာမမင်းသား၊ Sunny Singh က ညီတော်လက္ခဏ၊ Kriti Sanon က သီတာဒေဝီ၊ Devdatta Naga က ဟနုမာန် နဲ့ Saif Ali Khan က ဒဿဂီရိအဖြစ် ပါဝင်ထားပါတယ်။
◼ Adipurush ဟာ ရာမ၊ လက္ခဏနဲ့ သီတာဒေဝီတို့ တောနှင်ပြစ်ဒဏ်ခံရစဥ်မှာ လင်္ကာဘုရင် ဒဿဂီရိက သီတာဒေဝီကိုဖမ်းခေါ်သွားတဲ့အတွက် ရာမမင်းသားဟာ ဟနုမာန်အပါအဝင် မျောက်စစ်သည်တွေကိုဦးဆောင်ပြီး လင်္ကာပြည်ကိုလာရောက်တိုက်ခိုက်ကာ သီတာဒေဝီကိုကယ်တင်ရတဲ့အကြောင်း ရိုက်ကူးထားတာပါ။
◼ Adipurush ကို မူလက ၂၀၂၃ ဇန်နဝါရီမှာ ရုံတင်ဖို့ရည်ရွယ်ထားပေမယ့်လည်း VFX အသုံးပြုမှုဆိုးဝါးမှုအတွက် ပရိသတ်ရဲ့ပြင်းထန်စွာဝေဖန်မှုကိုခံခဲ့ရပြီးတဲ့နောက်မှာ ရုံတင်ရက်ရွှေ့ဆိုင်းခံခဲ့ရတာဖြစ်ပါတယ်။
Ref: Bollywood Hungama
McGarrett ရေးသည်။
0 Comments