MCU မှာ ပါဝင်စရာမလိုဘူးဆိုတဲ့ Nicholas Cage
Marvel | မတ် ၇၊ ၂၀၂၃။
◼ သရုပ်ဆောင် မင်းသားကြီး Nicolas Cage ဟာ တနင်္ဂနွေနေ့ညမှာကျင်းပခဲ့တဲ့ Miami Film Festival ပွဲမှာ Variety’s Legends and Groundbreakers Award ကိုရရှိပြီးနောက် အင်တာဗျူးတစ်ခုမှာ SuperHero ရုပ်ရှင်တွေအကြောင်း ဖြေကြားသွားခဲ့ပါတယ်။
◼ SuperHero ရုပ်ရှင်တွေနဲ့ ပတ်သတ်ပြီး Cage က "စိတ်ပျက်ဖို့ကောင်းတယ်ဆိုတာဘာလဲကျွန်တော်သိတာပေါ့။ ဒါပေမဲ့ နေရာတွေအများကြီးကျန်သေးတယ်လို့ ကျွန်တော်ထင်တယ်ဗျ။ Tár လိုရုပ်ရှင်တွေကျွန်တော် သွားကြည့်ဖြစ်တယ်။ အနုပညာဆန်ပြီး လွတ်လပ်စွာဖန်တီးထားတဲ့ရုပ်ရှင်အမျိုးအစားတွေအကုန်လုံးကျွန်တော်ကြည့်ဖြစ်တယ်ဗျ။ အဲ့ဒီတော့ တခြားသူတွေအတွက် နေရာလွတ်တွေအများကြီးကျန်သေးတယ်လို့ ကျွန်တော်ထင်ပါတယ်။" လို့ပြောပါတယ်။
◼ Nicolas Cage ကို Marvel Cinematic Universe မှာ ပါဝင်ချင်လားလို့မေးရာမှာလည်း "ကျွန်တော်က MCU မှာပါစရာမလိုပါဘူး။ ကျွန်တော်က Nic Cageလေ" လို့ ပြောပါတယ်။
◼ Nicholas Cage ဟာ MCU နဲ့ မဆိုင်တဲ့ Ghost Rider နှစ်ကားမှာ Marvel ဇာတ်ကောင် Ghost Rider အဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။
Ref: Yahoo
ကိုခွေး ရေးသည်။
0 Comments