Porpular

6/recent/ticker-posts

Quantumania ပေါက်ကြားအောင်လုပ်သူကိုဖော်ထုတ်ဖို့ Marvel က Reddit ကိုဖိအားပေး

Quantumania ပေါက်ကြားအောင်လုပ်သူကိုဖော်ထုတ်ဖို့ Marvel က Reddit ကိုဖိအားပေး

မတ်လ ၁၄၊ ၂၀၂၃

⬛ ဇန်နဝါရီ ၂၁၊ ၂၀၂၃ တုန်းက Reddit ပေါ်က MSSmods ဆိုတဲ့ အကောင့်တစ်ခုကနေ Marvel ရုပ်ရှင် Ant-Man & the Wasp: Quantumania ရဲ့ Script နဲ့ Dialogue တွေကို တင်ခဲ့ပါတယ်။

⬛ Marvel ရဲ့တောင်းဆိုမှုနဲ့ ပြန့်နှံ့နေတဲ့အဆိုပါ စာရွက်စာတမ်းတွေကိုဖြုတ်ချနိုင်ပေမယ့် Google ရဲ့ Docs တွေသိမ်းတဲ့နေရာမှာ အကြွင်းအကျန်တွေကျန်နေသေးတာကြောင့် Marchလ ၁၀ရက်နေ့မှာ Marvel ဘက်က Reddit အပါအဝင် Google ကိုပါ ဖိအားပေးနိုင်ဖို့ မူပိုင်ခွင့် DMCA လျှောက်လွှာတစ်ခု တင်ခဲ့တယ်လို့သိရပါတယ်။

⬛ ကယ်လီဖိုးနီးယား​မြောက်ပိုင်းခရိုင်ကနေ အမေရိကန် တစ်ခွင်လုံးကိုသက်ရောက်နိုင်တဲ့ အဆိုပါ မူပိုင်ခွင့်လျှောက်လွှာထဲမှာ Reddit User MSSmods အပါအဝင် Quantumania Script Leaker တွေအကုန်လုံး ရဲ့ Identity ကိုဖွင့်ချပေးရန် နဲ့ Google Docs ထဲကစာရွက်စာတမ်းအကျွင်းအကျန်တွေကို ဖြုတ်ချပေးဖို့ တောင်းဆိုထားပါတယ်။

⬛ Reddit ဘက်ကတော့ သူတို့ဟာ User တွေရဲ့ Privacy ကို ကာကွယ်ဖို့အတွက်လုပ်ရတာဖြစ်ကြောင်းနဲ့ လိုအပ်ပါက တရားဝင်တောင်းဆိုချက်များနှင့်အညီလိုက်နာရန် တင်းကြပ်သောလုပ်ဆောင်ညွှန်ကြားချက်များချမှတ်ထားကြောင်း ေကြငြာစာတစ်စောင် ထုတ်ပြန်ထားပါတယ်။

ကိုခွေးရေးသည်။

Post a Comment

0 Comments