Porpular

6/recent/ticker-posts

Batman: The Doom That Came to Gotham

Batman: The Doom That Came to Gotham
(SPOILER သတိပြုရန်)


အထင်အမြင် | မတ် ၁၄၊ ၂၀၂၃။

◼ Batman ရဲ့ “The Doom That Came to Gotham” Animation က Western Style နဲ့ Horror ဘက်ကို အရမ်းရောက်တဲ့ Animation တစ်ကားလို့ပြောပါရစေ။

ဒီဇာတ်လမ်းမပြောခင် ဒီ Animation က ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Batman: The Doom That Came to Gotham ဆိုတဲ့ Comic mini-series ကို အခြေခံပြီး ပြန်ရိုက်ထားတဲ့ Animation တစ်ခုဖြစ်ပါတယ်။

◼ DC ရဲ့ တခြား Animation တွေနဲ့ ကွဲပြားတဲ့ Batman alternate version နဲ့ Horror ပိုင်းတွေကို စုံထောက်ဆန်ဆန်နဲ့မို့လို့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

◼ Batman တို့က Penguin တို့ရဲ့ ပျောက်ဆုံးနေမှုကို လိုက်ရှာရင်း အမည်မသိတဲ့ လှိုဏ်ဂူတစ်ခုထဲက ရှေးဟောင်း အစီအရင်တွေနဲ့ ပိတ်ထားတဲ့ Mutated creature တစ်ကောင်ကို Penguin ရဲ့ တပည့်ဖြစ်သူ Grendon က ဖွင့်မိပြီး သူ့ကိုယ်ထဲမှာ ဝင်ရောက်လိုက်ပါခဲ့ပါတယ်။ Batman တို့ကလည်း စမ်းသပ်ဖို့ သူ့ကို Gotham ကို ခေါ်လာလိုက်ရာ creature ရဲ့ ကျိန်စာက Gotham မြို့ပေါ်ကို သက်ရောက်လာခဲ့ပါတယ်။

◼ တစ်ဖက်မှာလည်း creature ကိုပြန်ခေါ်ဖို့ Talia က Penguin ရဲ့ ကျိန်စာ ကျမ်းစာအုပ်ကို လိုက်ရှာပြီး သူ့အဖေဖြစ်သူ Ra’s al Ghul ကို အသက်ပြန်သွင်းကာ creature ကို နှိုးဖို့ ကြိုးပမ်းကြပါတယ်။

◼ ဒီကိစ္စတွေမှာ Batman ရဲ့ အဖေ Thomas Wayne ကိုယ်တိုင်ကပါဝင်နေတာဖြစ်ပြီး Gotham ကို မြို့ကို တည်တုန်းက မြို့ကဘာလုပ်လုပ်မဖြစ်ထွန်းလို့ creature တစ်ပါးနဲ့ အပေးအယူလုပ်ပြီး မြို့ကို ပိုပြီးထွန်းကားအောင်လုပ်ခဲ့ကြပါတယ်။

◼ တဖြည်းဖြည်းတိုးတက်လာတော့ creature က အမေ့ပျောက်ခံအနေနဲ့ ပျောက်ကွယ်သွားပြီး Gotham မြို့ကို ဖျက်စီးဖို့ တစ်နေ့ပြန်လာမှာကို Batman တို့က ဘယ်လို Supernatural ဆန်ဆန် ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရမှာပါ။ နောက်ပြီး ဒီ Creature ကို နိုင်ဖို့ Batman ကိုယ်တိုင် Bat ပုံစံ ပြောင်းပြီး ဘာတွေ ပေးဆပ်လိုက်ရမလဲဆိုတာပါကြည့်ရမှာပါ။

◼ ဒီထဲမှာ Batman ပြောသွားတဲ့ စကားတစ်ခွန်းကိုတော့ တော်တော်ကြိုက်ပါတယ်။

◼ Bruce မွေးစားထားတဲ့ ကလေးမလေးက Gotham ကို ထားခဲ့ပြီး ထွက်ပြေးဖို့ပြောပေမယ့်

“လူအများစုက အိမ်တစ်လုံး မီးလောင်နေတာတွေ့ရင် ဘေးကင်းနိုင်တဲ့ နေရာအထိ ပြေးပြီး အကူအညီ တောင်းလိမ့်မယ်။ တချို့ လူအနည်းစုကပဲ.. အဲ့အိမ်ထဲကို ပြေးဝင်ပြီးတော့ အထဲမှာ ပိတ်မိနေတဲ့ လူတွေကို ကယ်ဖို့ ကြိုးစားလိမ့်မယ်။ Gotham ဆိုတာ မီးလောင်နေတဲ့ မြို့ကြီးတစ်မြို့ပဲ .. ဒီထဲကို ပြေးဝင်ပြီး ကယ်ဖို့ လူတစ်ယောက်တော့ လိုအပ်တယ်.. “

◼ “The Doom That Came to Gotham” က ဇာတ်လမ်းကောင်းပေမယ့် တစ်ချို့နေရာလေးတွေက ပေါ့နေသလို ခံစားရတဲ့ ခံစားချက်မျိုး ပေးသလို မလိုအပ်တဲ့ Villain တွေကိုလည်း ထုတ်သုံးထားတာလည်း တွေ့ရမှာပါ။

◼ Justice League Dark: Apokolips War အပြီး DC ရဲ့ နောက်ထွက် Animation တွေက နည်းနည်း ကြည့်ရတာပေါ့သလို ခံစားရပေမယ့် “The Doom That Came to Gotham” ကတော့ Batman အရင်တုန်းက စိတ်လှုပ်ရှားစရာဖြစ်စေမယ့် အရသာမျိုးပြန်ပေးစွမ်းနိုင်မှာပါ။

MVE Score: 8/10

John Snow ရေးသည်။






Post a Comment

0 Comments